• ဆရာမောင်ခိုင် အကြောင်း
  • အင်္ဂလိပ်စာ သင်တန်း
Friday, November 21, 2025
  • Login
ဆရာမောင်ခိုင်
  • Home
  • Learn English
  • Christian Faith
  • Lifestyle
  • English
No Result
View All Result
ဆရာမောင်ခိုင်
  • Home
  • Learn English
  • Christian Faith
  • Lifestyle
  • English
No Result
View All Result
ဆရာမောင်ခိုင်
No Result
View All Result
ဘုရား ညောင်ကြောင့် ပျက်တတ်သည်

ဘုရား ညောင်ကြောင့် ပျက်တတ်သည်

ညောင်ပင်ကြီးက သူ့ဖာသာသူ နေနေရင်တော့ အရိပ်အာဝါသလည်းရ၊ ဘုရားကျောင်းကန် နဲ့လည်း ပနံသင့်ပေမယ့် ဘုရားဆင်းတု၊ စေတီပုထိုးတွေကို ရစ်တွယ်မိပြီ ဆိုရင်တော့ ဒုက္ခ ပေးနိုင်ပါတယ်။

ဆရာမောင်ခိုင် by ဆရာမောင်ခိုင်
July 22, 2025
in Lifestyle

ညောင် နှင့် ဘုရား တွေ့ကြုံငြားက
ဘုရား ညောင်ကြောင့် ပျက်တတ်သည်တဲ့။

ငွေ နှင့် ဘုန်းကြီး အတူနီးက
ဘုန်းကြီး ငွေကြောင့် ပျက်တတ်သည်တဲ့။

မတ် နှင့် မရီး အတူနီးက
မရီး မတ်ကြောင့် ပျက်တတ်သည်တဲ့။

စိတ်ဝင်စားစရာ အခြားဆောင်းပါးများ

မပြည့်စုံတဲ့ အချစ်အဘိဓါန်

မပြည့်စုံတဲ့ အချစ်အဘိဓါန်

July 23, 2025
အစပြုရန်မခက်ပါ၊ ရှေ့ဆက်ဖို့ရန်သာ ခက်ပါသည်။

အစပြုရန်မခက်ပါ၊ ရှေ့ဆက်ဖို့ရန်သာ ခက်ပါသည်။

July 22, 2025

မယားရှိလင် အကျွမ်း၀င်က
အခြေနေအချိန်ခါ အခွင့်သာက အပျိုဘ၀ပျက်တတ်သည်တဲ့။

ဆား နှင့် ချဉ်သီး အတူနီးက
ချဉ်သီး ဆားကြောင့် ပျက်တတ်သည်တဲ့။

ငယ်ရွယ်သမီး ကျွန် နှင့်နီးက
သမီး ကျွန်ကြောင့် ပျက်တတ်သည်တဲ့။

မ နှင့် ဘုန်းကြီး အတူနီးက
ဘုန်းကြီး မ ကြောင့် ပျက်တတ်သည်တဲ့။

မိန်းမ ဘိက္ခူ တွေ့ပြန်မူလည်း
ဘိက္ခူ မ ကြောင့် ပျက်တတ်သည်တဲ့။

ခယ်မ ခဲအို အတွေ့ပိုလည်း
ခယ်မ ခဲအိုကြောင့် ပျက်တတ်သည်တဲ့။

(မင်းကွန်းဆရာတော်ဘုရားကြီး)

မှန်လိုက်တဲ့ အဆိုအမိန့်။ ဒီကဗျာ (အဆိုအမိန့်) ကို စမြင်တဲ့ အချိန်မှာကိုပဲ အတော်ကို သဘောကျ မိပါတယ်။ လောကမှာ မတော်မသင့် ဖြစ်နေကြလို့၊ ရှိနေကြလို့ မဖြစ်သင့်တာတွေဖြစ်၊ မပျက်သင့်တာတွေပျက် – အဖြစ်အပျက်တွေက ဒုနဲ့ဒေး။

ညောင်ပင်ကြီးက သူ့ဖာသာသူ နေနေရင်တော့ အရိပ်အာဝါသလည်းရ၊ ဘုရားကျောင်းကန် နဲ့လည်း ပနံသင့်ပေမယ့် ဘုရားဆင်းတု၊ စေတီပုထိုးတွေကို ရစ်တွယ်မိပြီ ဆိုရင်တော့ ဒုက္ခ ပေးနိုင်ပါတယ်။

ဓမ္မဝိနယ ဆရာတော်က “ဘုန်းကြီးက ငွေ (cash) မကိုင်ကောင်းဘူး” လို့မိန့်ကြားတာ မှတ်သားဖူးပါတယ်။ အခုခေတ်မှာတော့ ဝတ္ထုငွေကပ်တာ၊ လှူဒါန်းမှုကို လက်ခံတာမျိုးက တီဗီဖန်သားပြင်တွေ ကနေတောင် တွေ့နေရ မြင်နေရ ပါတယ်။ ခရစ်ယာန် သာသနာမှာလည်း ဘုရားသာသနာအတွက် အသက်တာကို ဆက်ကပ် အမှုတော်ဆောင်နေတဲ့ သူတွေ နောက်ပိုင်းမှာ ငွေကြေးကြောင့် သီလပျက်ပြီး သာသနာနဲ့ ရာသက်ပန် ဝေးသွားရတဲ့ အထိကို ကျရှုံးသွားတာမျိုး ရှိပါတယ်။

မတ်နဲ့မရီး၊ ခယ်မနဲ့ခဲအို၊ ဦးလေးနဲ့တူမ၊ အဒေါ်နဲ့တူ၊ မယားရှိလင်နဲ့ ငြိတဲ့အပျို၊ လင်ရှိမယားကို ကြာခိုတဲ့ လူပျို၊ သူ‌ဌေးသမီးနဲ့ အလုပ်သမား၊ ဘုန်းကြီးရဟန်းနဲ့ ဒကာမ၊ ဆရာနဲ့တပည့်ကျောင်းသူ၊ ဆရာမနဲ့ တပည့်ကျောင်းသား – အလွှာစုံမှာ ဖြစ်နေ၊ ငြိနေ ကြတာ ကြားကြ သိကြရ ပါတယ်။ ဘာလို့ ဒီလို ဖြစ်တာလဲ ဆိုရင်တော့ မနီးသင့်ပဲ နီးလို့၊ မပတ်သက်သင့်ပဲ အကြောင်းစပ်ဟပ် ပတ်သက်ခဲ့ကြလို့ပဲ ဖြစ်ပါတယ်။

မင်းကွန်းဆရာတော်ကြီးရဲ့ အဆိုအမိန့်မှာ ပတ်သက် ဖြစ်ပျက်တတ်ကြတဲ့ လူတွေအကြောင်းသာ မဟုတ်ပဲ ဖြစ်ပျက်ရတဲ့ အကြောင်းရင်းကိုပါ ပေါ်လွင်စေတယ်လို့ ယူဆမိပါတယ်။ အဲဒါကတော့ နီးစပ်မှုပဲ ဖြစ်ပါတယ်။ လင်နဲ့မယား နီးစပ်တာ ပြသနာ မရှိပါဘူး။ မိဘ ဆွေမျိုးသားချင်းနဲ့ အထက်က လူတန်းစား အလွှာအားလုံးလည်း အနေမှန်ရင် ဘာပြသနာမှ မရှိပါဘူး။ မသင့်တော်တဲ့ နေရာမှာ၊ မသင့်တော်တဲ့ အချိန်မှာ အတူရှိနေ နီးစပ်နေရင်တော့ ပတ်သက်မိကြ၊ ဖြစ်ပျက်မိကြဖို့ အကြောင်းများမှာ ဖြစ်ပါတယ်။ သင်ခန်းစာ ယူနိုင်ကြပါစေ။

Previous Post

အစပြုရန်မခက်ပါ၊ ရှေ့ဆက်ဖို့ရန်သာ ခက်ပါသည်။

Next Post

မပြည့်စုံတဲ့ အချစ်အဘိဓါန်

Related Articles အကြောင်းအရာတူ ဆောင်းပါးများ

မပြည့်စုံတဲ့ အချစ်အဘိဓါန်
Lifestyle

မပြည့်စုံတဲ့ အချစ်အဘိဓါန်

July 23, 2025
အစပြုရန်မခက်ပါ၊ ရှေ့ဆက်ဖို့ရန်သာ ခက်ပါသည်။
Lifestyle

အစပြုရန်မခက်ပါ၊ ရှေ့ဆက်ဖို့ရန်သာ ခက်ပါသည်။

July 22, 2025
မီးပွိုင့်မှာ ထင်ဟပ်တဲ့ လူမှုပုံရိပ်
Lifestyle

မီးပွိုင့်မှာ ထင်ဟပ်တဲ့ လူမှုပုံရိပ်

July 22, 2025
ဆယ်လက်မ တစ်ပေ
Lifestyle

ဆယ်လက်မ တစ်ပေ

July 22, 2025
Next Post
မပြည့်စုံတဲ့ အချစ်အဘိဓါန်

မပြည့်စုံတဲ့ အချစ်အဘိဓါန်

Cardinal Numbers and Ordinal Numbers

Cardinal Numbers and Ordinal Numbers

ဆရာမောင်ခိုင်

မင်္ဂလာပါ၊ ကျွန်ုပ် ဆရာမောင်ခိုင်ရဲ့ ကိုယ်ပိုင် ဝက်ဘ်ဆိုဒ် စာမျက်နှာ ကနေ လှိုက်လှဲစွာ ကြိုဆိုပါတယ်။

  • အင်္ဂလိပ် သင်ခန်းစာများ ဖတ်မည်
  • သင်တန်းတက်မည်
  • ဘာသာရေး ဆောင်ပါများ
  • ဆက်သွယ်ရန်

© 2025 ဆရာမောင်ခိုင်

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
Sign In
The password must have a minimum of 8 characters of numbers and letters, contain at least 1 capital letter
Remember me
Sign In Sign Up
Restore password
Send reset link
Password reset link sent to your email Close
No account? Sign Up Sign In
Lost Password?
No Result
View All Result
  • Landing Page
  • အင်္ဂလိပ်စာ သင်တန်း
  • ခရစ်ယာန် ဆောင်းပါးများ
  • လူမှုရေးရာ ဆောင်းပါးများ
  • အင်္ဂလိပ်စာ ဆောင်းပါးများ

© 2025 ဆရာမောင်ခိုင်