• ဆရာမောင်ခိုင် အကြောင်း
  • အင်္ဂလိပ်စာ သင်တန်း
Wednesday, November 19, 2025
  • Login
ဆရာမောင်ခိုင်
  • Home
  • Learn English
  • Christian Faith
  • Lifestyle
  • English
No Result
View All Result
ဆရာမောင်ခိုင်
  • Home
  • Learn English
  • Christian Faith
  • Lifestyle
  • English
No Result
View All Result
ဆရာမောင်ခိုင်
No Result
View All Result
မပြည့်စုံတဲ့ အချစ်အဘိဓါန်

မပြည့်စုံတဲ့ အချစ်အဘိဓါန်

Close ကို ပိတ်သည်လို့သာ နားလည်ခဲ့တဲ့ မပြည့်စုံတဲ့ ငါ့ရဲ့ အချစ်အဘိဓါန် Close ဆိုတာ နီးစပ်ခြင်းလို့လည်း ဆိုလိုမှန်း မသိခဲ့လေတော့..။

ဆရာမောင်ခိုင် by ဆရာမောင်ခိုင်
July 23, 2025
in Lifestyle

ရိုးရှင်းတဲ့ တောအထာ
လှိုက်မောတဲ့ ရင်ခုန်သံအစစ်နဲ့
ခယချိုသာတဲ့ စကားလုံးတွေကို သုံးပြီး
ငါသူ့ကို ချစ်ခွင့်ပန်ခဲ့တယ်။

နားနဲ့ဆက်ဆက် ကြားချင်ပါသော်လည်း
သူ့ခေါင်းလေးတချက်အငြိမ့်ကို
မေလည်းမောင့်ကို ချစ်ပါတယ်လို့
ကိုယ့်အဘိဓါန်နဲ့ကိုယ် အနက်ဖွင့်ခဲ့တယ်။

ငါနားလည်ခဲ့တဲ့ ချစ်သူဘဝဆိုတာ
လူတွေကြားထဲ အကြည့်ချင်းတချက်ဆုံလို့ ရင်ခုန်ရတာ
လူအလစ်မျာ လက်ကလေးတချက်ကိုင်ခွင့်ရလို့ ချွေးစေးပြန်တာ
အနမ်းတချက်ချွေရဖို့ကြိုးစာရင်း မအောင်မမြင် ရင်မောအိမ်ပြန်လာခဲ့ရတာ။

စိတ်ဝင်စားစရာ အခြားဆောင်းပါးများ

ဘုရား ညောင်ကြောင့် ပျက်တတ်သည်

ဘုရား ညောင်ကြောင့် ပျက်တတ်သည်

July 22, 2025
အစပြုရန်မခက်ပါ၊ ရှေ့ဆက်ဖို့ရန်သာ ခက်ပါသည်။

အစပြုရန်မခက်ပါ၊ ရှေ့ဆက်ဖို့ရန်သာ ခက်ပါသည်။

July 22, 2025

သူလေးရဲ့အချစ်အပေါ် ယုံကြည်ချက်လည်း လျော့မသွားပါဘူး
ငါ့ရင်ထဲကအချစ်ဟာလည်း လျော့မသွားပါဘူး.. ဒါပေမယ့်
လေငြိမ်လွန်းနေတာ မုန်တိုင်းတခုနီးလာမှန်း
ငါ့အချစ်အဘိဓါန်က အဓိပ္ပါယ်ဖွင့်မပြနိုင်ခဲ့တာသာ ငါ့အမှားဖြစ်ခဲ့တာ။

ခေါင်းလေးတချက်အငြိမ့်ဟာ
အချစ်ကို အောင်မြင်စွာ ရရှိပိုင်ဆိုင်ခြင်းဆိုရင်
ခေါင်းလေးတချက်ခါလိုက်တာဟာလည်း..
သူလေးငါ့ကို မုန်းသွားပြီလား။

သံသယသန္ဓေ ရက်လစေ့သော်
ငါ့ရင်ထဲ ပေါက်ဖွားလာတာက နာကျင်မှု
နာကျင်မှု ကနေ စိမ်းကားမှု
စိမ်းကားမှုကနေ ကွေကွင်းရခြင်း။

အနက်ဖွင့်ရခက်တဲ့ အကြည့်တခုကို
ခါးသီးစွာ ခံစားခဲ့တာ ငါ့အပြစ်
လေစိမ်းတိုက်လို့ သူလေးယိမ်းနွဲ့ခိုက်မှာ
ခိုင်ခံ့တဲ့ ပင်စည်မဖြစ်ခဲ့တာ ငါ့အပြစ်။

နွေးထွေးမှုနှင့် ခံစားချက်တွေ လျော့ပါးနေခိုက်
နှစ်ကိုယ်ကြားက ညဉ့်နက်ချိန် တခဏကို
လေးနက်တဲ့ အချစ်နဲ့ အာရုံဦးရောင်နီသန်းတဲ့အထိ
မစောင့်ခဲ့တာ ငါ့အပြစ်။

Close ကို ပိတ်သည်လို့သာ နားလည်ခဲ့တဲ့
မပြည့်စုံတဲ့ ငါ့ရဲ့ အချစ်အဘိဓါန်
Close ဆိုတာ နီးစပ်ခြင်းလို့လည်း ဆိုလိုမှန်း
မသိခဲ့လေတော့..။

Tags: LifeLifestyleLove
Previous Post

ဘုရား ညောင်ကြောင့် ပျက်တတ်သည်

Next Post

Cardinal Numbers and Ordinal Numbers

Related Articles အကြောင်းအရာတူ ဆောင်းပါးများ

ဘုရား ညောင်ကြောင့် ပျက်တတ်သည်
Lifestyle

ဘုရား ညောင်ကြောင့် ပျက်တတ်သည်

July 22, 2025
အစပြုရန်မခက်ပါ၊ ရှေ့ဆက်ဖို့ရန်သာ ခက်ပါသည်။
Lifestyle

အစပြုရန်မခက်ပါ၊ ရှေ့ဆက်ဖို့ရန်သာ ခက်ပါသည်။

July 22, 2025
မီးပွိုင့်မှာ ထင်ဟပ်တဲ့ လူမှုပုံရိပ်
Lifestyle

မီးပွိုင့်မှာ ထင်ဟပ်တဲ့ လူမှုပုံရိပ်

July 22, 2025
ဆယ်လက်မ တစ်ပေ
Lifestyle

ဆယ်လက်မ တစ်ပေ

July 22, 2025
Next Post
Cardinal Numbers and Ordinal Numbers

Cardinal Numbers and Ordinal Numbers

Christians Are No Longer Under The Law Of Moses

Christians Are No Longer Under The Law Of Moses

ဆရာမောင်ခိုင်

မင်္ဂလာပါ၊ ကျွန်ုပ် ဆရာမောင်ခိုင်ရဲ့ ကိုယ်ပိုင် ဝက်ဘ်ဆိုဒ် စာမျက်နှာ ကနေ လှိုက်လှဲစွာ ကြိုဆိုပါတယ်။

  • အင်္ဂလိပ် သင်ခန်းစာများ ဖတ်မည်
  • သင်တန်းတက်မည်
  • ဘာသာရေး ဆောင်ပါများ
  • ဆက်သွယ်ရန်

© 2025 ဆရာမောင်ခိုင်

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
Sign In
The password must have a minimum of 8 characters of numbers and letters, contain at least 1 capital letter
Remember me
Sign In Sign Up
Restore password
Send reset link
Password reset link sent to your email Close
No account? Sign Up Sign In
Lost Password?
No Result
View All Result
  • Landing Page
  • အင်္ဂလိပ်စာ သင်တန်း
  • ခရစ်ယာန် ဆောင်းပါးများ
  • လူမှုရေးရာ ဆောင်းပါးများ
  • အင်္ဂလိပ်စာ ဆောင်းပါးများ

© 2025 ဆရာမောင်ခိုင်