• ဆရာမောင်ခိုင် အကြောင်း
  • အင်္ဂလိပ်စာ သင်တန်း
Thursday, November 20, 2025
  • Login
ဆရာမောင်ခိုင်
  • Home
  • Learn English
  • Christian Faith
  • Lifestyle
  • English
No Result
View All Result
ဆရာမောင်ခိုင်
  • Home
  • Learn English
  • Christian Faith
  • Lifestyle
  • English
No Result
View All Result
ဆရာမောင်ခိုင်
No Result
View All Result
အစပြုရန်မခက်ပါ၊ ရှေ့ဆက်ဖို့ရန်သာ ခက်ပါသည်။

အစပြုရန်မခက်ပါ၊ ရှေ့ဆက်ဖို့ရန်သာ ခက်ပါသည်။

ဘာပဲ လုပ်လုပ်၊ ဘာပဲ စဥ်းစား စဥ်းစား သေချာပြီလား၊ တကယ် ဖြစ်ချင် လုပ်ချင်တာလား၊ မစုတ်မနှစ် လုပ်မှာလား စတာတွေကို ကိုယ့်ကိုကိုယ် အရင်မေးသင့်ပါတယ်။ သေချာပြီ ဆိုရင်တော့ .. နန်းတော် ရောက်ရောက်၊ သင်္ချိုင်းရောက်ရောက် လုပ်တော့။

ဆရာမောင်ခိုင် by ဆရာမောင်ခိုင်
July 22, 2025
in Lifestyle

ကျွန်တော်တို့ပတ်ဝန်းကျင်မှာ လူတော်တော်များများက အလုပ်တခုကို စတင်လုပ်ဆောင် တတ်ကြသော်ငြားလည်း ဆက်လက်ပြီး ကြိုးစားအားထုတ်ကာ အစပြုခဲ့သည့်အရာကို တန်ဖိုးထားလျက် မဆုတ်မနှစ် ရှေ့ဆက် (carry on) လုပ်ဆောင်ရန် ပျက်ကွက်ကြတာကို တွေ့နေရပါတယ်။

ဥပမာ၊ Facebook Page တခုဖွင့်ပြီး အွန်လိုင်းကနေ ဝင်ငွေရှာမယ်၊ ဒါမှမဟုတ် အများကောင်းကျိုး လုပ်ဆောင်မယ် စသည်ဖြင့် စိတ်ကူးစိတ်သန်း အလန်းတွေနဲ့ Facebook Page (or) Facebook Group တွေဖွင့်ကြပါတယ်။ သို့သော်လည်း တကယ်ပဲ ဝရိယစိုက်ထုတ်မှု (Commitment) အပြည့်နဲ့ အောင်မြင်အောင် လုပ်ဆောင်သူက နည်းပါလှပါတယ်။ သတင်းနဲ့ အချက်အလက်များကို အများပြည်သူ အကျိုးအလိုငှါ ဖြန့်ဝေမယ်လို့ စတင်လုပ်ဆောင် ခဲ့ကြသော်ငြားလည်း နောက်ဆုံးမှာတော့ အတင်းအဖျင်း၊ သတင်းတု သတင်းမှားတွေနဲ့ အဆုံးသတ် သွားတတ်ကြပါတယ်။

သမီးရည်းစား အဆင့်က တာဝန်ထက် အိမ်ထောင်မှုက ပိုပြီး တာဝန်ရှိလာပါတယ်။ တူနှစ်ကိုယ် တဲစုတ်ကလေးထဲမှာ ပျော်ပါတယ် ဆိုတာက စားအိုးကြီးလာတဲ့အခါ သိပ်မမှန်တော့ပါဘူး။ ဘာလို့ဆိုတော့ နှစ်ယောက်တစ်အိမ်မက် မှမဟုတ်တော့တာ၊ အခုက ရှစ်ယောက် တအိမ်မက်လောက် ဖြစ်နေပြီလေ။ အိမ်ထောင်တခုကို စတုန်းက စခဲ့ပြီးမှ အခုမှ နောင်တရတယ်တို့ ဘာတို့ ကိုယ့်မိန်းမ ကြားအောင် သွားမဟမိလေနဲ့။ ဟိုကလည်း ဘယ်နေမလဲ။ နင့်အရင် သုံးယောက်မြောက် ရည်းစားကို ငါလက်ထပ်ခဲ့ရင် အခုသူ့တိုက်နဲ့ကားတွေ ငါ့ဟာ ဖြစ်မှာ ဆိုပြီး ပြန်ဆော်လိုက်မှ ဟုတ်ပေ့ ဖြစ်နေမယ်။

စိတ်ဝင်စားစရာ အခြားဆောင်းပါးများ

မပြည့်စုံတဲ့ အချစ်အဘိဓါန်

မပြည့်စုံတဲ့ အချစ်အဘိဓါန်

July 23, 2025
ဘုရား ညောင်ကြောင့် ပျက်တတ်သည်

ဘုရား ညောင်ကြောင့် ပျက်တတ်သည်

July 22, 2025

ဒါတင် ဘယ်ပြီးအုံးမလဲ။

ဗိုက်က အဆီခေါက်ကြီးကို စိတ်နာနာနဲ့ MC က တင်ဆက်တဲ့ နန်းခင်ဇေယျာ လုပ်ပြတဲ့ လေ့ကျင့်ခန်းလေး အားကျလို့ ကိုယ်လည်း တတ်သလောက် မှတ်သလောက် လုပ်ကြည့်လိုက်တာ ခုနှစ်ရက် ကြီးများ‌တောင် ရှိလာပြီ၊ ဘာမှမထူးသေးပါဘူး။ ကိုယ့်ဗိုက်ခေါက်ကြီးကို ကိုယ်ပြန်ကြည့်ပြီး၊ ဟင်.. ဘာမှလည်း ဖြစ်မလာဘူး လို့ နောက်ဆုံးတကြိမ် ညည်းလိုက်ပြီး နဂို စားနေကျ အိပ်နေကျ အချိန်ဇယားလေး အတိုင်းပဲ ပြန်နေလိုက်တယ်။ ဆန္ဒကို ဝရိယမကူတော့ .. ဟင်၊ ပိုတောင် ဝလာသလား ထင်ရတယ်။

ဘဝကို အဲလိုမျိုး ကျောက်နံရံကို ပန်းနဲ့ ပေါက်သလို သွားလုပ်လို့ကတော့၊ အင်း.. ဖြစ်အုံးမယ် အားကြီးကြီး။ ဒါ့ကြောင့် သေချာအောင် ဒယ်အိုးကိုယ်တော် လေသံနဲ့ အရင်မေးပါရစေ။

ဟုတ်ပလား၊ သဘောပါသလား၊ သေချာသလား။

ဟုတ်ပါတယ်။ ဘဝမှာ ဘာလုပ်လုပ် သေချာမှ၊ ခိုင်မာမှ၊ တကယ်‌ဆန္ဒရှိပြီဟေ့၊ ပိုက်ဆံမကုန်တဲ့ ဝရိယကိုတော့ ဒလဟော သွန်ချ အားထုတ်တော့မယ်ဟေ့ ဆိုမှ စတင်လုပ်ဆောင်ပါ။ အလွယ်တကူ စလုပ်ပြီးကာမှ လမ်းတဝက် ‌ရောက်မှ အချဥ်ပေါင်းထုပ် မစားချင်ဘူး၊ လတ်လတ်ဆတ်ဆတ် ရှောက်သီးသုပ်ပဲ စားတော့မယ် တော့ မလုပ်ကောင်းပါဘူး။ ဘဝမှာ တချို့ကိစ္စတွေက အချဥ်ပေါင်း တခုမကြိုက်လို့ နောက်တခု အလွယ်တကူ ပြောင်းလဲ ဝယ်စားလို့ ရသလိုမျိုး လွယ်လွယ် ပြန်ပြောင်းမရလို့ ဖြစ်ပါတယ်။

ဒါ့ကြောင့် ဘာပဲ လုပ်လုပ်၊ ဘာပဲ စဥ်းစား စဥ်းစား သေချာပြီလား၊ တကယ် ဖြစ်ချင် လုပ်ချင်တာလား၊ မစုတ်မနှစ် လုပ်မှာလား စတာတွေကို ကိုယ့်ကိုကိုယ် အရင်မေးသင့်ပါတယ်။ သေချာပြီ ဆိုရင်တော့ .. နန်းတော် ရောက်ရောက်၊ သင်္ချိုင်းရောက်ရောက် လုပ်တော့။

နောက်ဆုံးအနေနဲ့ လေးဖြူ ရဲ့ မင်းမှမင်းပဲ ဆိုတဲ့ သီချင်းလေး လိုက်ညည်းကြည့် လိုက်ပါအုံး။

မှတ်ချက်။

(မိုးရွာနေတုန်း ဟိုတယ် အခန်းထဲမှာ ထမင်းကြော် စားတဲ့ မော်ဒယ်မမ တယောက် ဟိုတလောက ကိုဗစ်စောင့်ကြည့် အဆောင်တခုရှေ့မှာ သွားဖျော်ဖြေတုန်းက ဝရုန်းသုဥ်းကား အသံမျိုးနဲ့တော့ လိုက်မဆိုလိုက်ပါနဲ့၊ အေးဆေးပဲ နားထောင်လိုက်ပါ)။

Previous Post

မီးပွိုင့်မှာ ထင်ဟပ်တဲ့ လူမှုပုံရိပ်

Next Post

ဘုရား ညောင်ကြောင့် ပျက်တတ်သည်

Related Articles အကြောင်းအရာတူ ဆောင်းပါးများ

မပြည့်စုံတဲ့ အချစ်အဘိဓါန်
Lifestyle

မပြည့်စုံတဲ့ အချစ်အဘိဓါန်

July 23, 2025
ဘုရား ညောင်ကြောင့် ပျက်တတ်သည်
Lifestyle

ဘုရား ညောင်ကြောင့် ပျက်တတ်သည်

July 22, 2025
မီးပွိုင့်မှာ ထင်ဟပ်တဲ့ လူမှုပုံရိပ်
Lifestyle

မီးပွိုင့်မှာ ထင်ဟပ်တဲ့ လူမှုပုံရိပ်

July 22, 2025
ဆယ်လက်မ တစ်ပေ
Lifestyle

ဆယ်လက်မ တစ်ပေ

July 22, 2025
Next Post
ဘုရား ညောင်ကြောင့် ပျက်တတ်သည်

ဘုရား ညောင်ကြောင့် ပျက်တတ်သည်

မပြည့်စုံတဲ့ အချစ်အဘိဓါန်

မပြည့်စုံတဲ့ အချစ်အဘိဓါန်

ဆရာမောင်ခိုင်

မင်္ဂလာပါ၊ ကျွန်ုပ် ဆရာမောင်ခိုင်ရဲ့ ကိုယ်ပိုင် ဝက်ဘ်ဆိုဒ် စာမျက်နှာ ကနေ လှိုက်လှဲစွာ ကြိုဆိုပါတယ်။

  • အင်္ဂလိပ် သင်ခန်းစာများ ဖတ်မည်
  • သင်တန်းတက်မည်
  • ဘာသာရေး ဆောင်ပါများ
  • ဆက်သွယ်ရန်

© 2025 ဆရာမောင်ခိုင်

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
Sign In
The password must have a minimum of 8 characters of numbers and letters, contain at least 1 capital letter
Remember me
Sign In Sign Up
Restore password
Send reset link
Password reset link sent to your email Close
No account? Sign Up Sign In
Lost Password?
No Result
View All Result
  • Landing Page
  • အင်္ဂလိပ်စာ သင်တန်း
  • ခရစ်ယာန် ဆောင်းပါးများ
  • လူမှုရေးရာ ဆောင်းပါးများ
  • အင်္ဂလိပ်စာ ဆောင်းပါးများ

© 2025 ဆရာမောင်ခိုင်