စားပွဲထိုး၊ ဖျော်ဆရာ
အိမ်းပြေး၊ ကျောင်းပြေးဘဝ ယောင်လည်လည်နဲ့ မေမြို့ ရပ်ကွက်ကြီး (၆) က လ္ဘက်ရည်ဆိုင်တဆိုင်မှာ စားပွဲထိုးလုပ်ခဲ့ပြီး ဖျော်ဆရာအဖြစ်နဲ့ ပြန်ထွက်လာခဲ့ပါတယ်။ ကျောင်းပညာရေးနဲ့ တသက်တာ ဝေးခဲ့ရတာကတော့ အိမ်အပြန် လက်ဆောင်ပေါ့။
လယ်သမား၊ ကိုင်းသမား
လူပျိုပေါက်စ သူရင်းငှါးဘဝနဲ့ နွေ၊ မိုး၊ ဆောင်း သုံးရာသီမှာ တနင်္ဂနွေဘုရားကျောင်း တက်တဲ့နေ့မျိုးကလွဲရင် သီးသန့်နားရက် မရှိပါဘူး။ အလုပ်အကိုင်ကို ဖော်ပြပါဆိုရင်တော့ – ရရစားစား တောင်သူအလုပ် လို့ဆိုရမှာပါ။
သစ်ခုတ်၊ ဝါးခုတ်သမား
ဝဥတူး၊ သစ်ခွပန်းရှာ၊ ကိုင်းခုတ်၊ သစ်တောင်ပတ်ခုတ်၊ ထင်းခွေ၊ ငါးရှာ၊ ရေမြောင်းတူး၊ အုတ်ထင်းခွေ၊ ရိုးရာမပျက် တောင်ယာခုတ်၊ တောရိုင်းရှင်း၊ သစ်ငုတ်ကလော်၊ မျှစ်ရှာ.. လုပ်ငန်းအတွေ့အကြုံကို CV ဖောင်မှာ ဖြည့်ရမယ်ဆိုရင်တော့ .. ရှိသေးတယ်။







