မြန်မာနိုင်ငံ၊ နိုင်ငံသား စီစစ်ရေးကဒ်ပြား နံပါတ်စဉ် သတ်မှတ်ပုံ

လက်ရှိ ပြည်နယ်နဲ့တိုင်း (၁၄)ခု၏ အက္ခရာစဉ် (၁) ကချင်ပြည်နယ် (၂) ကယားပြည်နယ် (၃) ကရင်ပြည်နယ် (၄) ချင်းပြည်နယ် (၅) စစ်ကိုင်းတိုင်းဒေသကြီး (၆) တနင်္သာရီတိုင်းဒေသကြီး (၇) ပဲခူးတိုင်းဒေသကြီး (၈) မကွေးတိုင်းဒေသကြီး (၉) မန္တလေးတိုင်းဒေသကြီး (၁၀) မွန်ပြည်နယ် (၁၁) ရခိုင်ပြည်နယ် (၁၂) ရန်ကုန်တိုင်းဒေသကြီး (၁၃) ရှမ်းပြည်နယ် (၁၄) ဧရာဝတီတိုင်းဒေသကြီး (၁) ကချင်ပြည်နယ် မြို့တော် – မြစ်ကြီးနားမြို့ ခရိုင် (၄) ခရိုင် မြို့နယ် (၁၈) မြို့နယ် မြစ်ကြီးနားခရိုင် ၁။ မြစ်ကြီးနားမြို့နယ် ၁/မကန(နိုင်) ၂။ ဝိုင်းမော်မြို့နယ် ၁/ဝမန(နိုင်) ၃။ ချီဖွေမြို့နယ် ၁/ခဖန(နိုင်) ၄။ ဆော့လော်မြို့နယ် …

မြန်မာနိုင်ငံ၊ နိုင်ငံသား စီစစ်ရေးကဒ်ပြား နံပါတ်စဉ် သတ်မှတ်ပုံ Read More »

Astra Theme Pro Growth Bundle mgkhai digital store

Astra Theme Pro Bundle

Astra Theme ဟာ ထင်ရှားကျော်ကြားတဲ့ WordPress Themes တွေထဲမှာ လက်ရှိအသုံးပြုမှု (Active Installations) တစ်သန်းကျော်နဲ့ ထိပ်ဆုံးမှာ ရှိနေတဲ့ WordPress Theme တခု ဖြစ်ပါတယ်။ Astra Theme ဟာ ဘာတွေမှာ အားသာချက်ရှိပြီး ကောင်းတာလဲ? WordPress ကို အသုံးပြုပြီး ဝက်ဘ်ဆိုဒ် တည်ဆောက်ကြသူများ အနေနဲ့ Themes တွေနဲ့ မစိမ်းကြပါဘူး။ ဘယ် theme က ကောင်းမလဲ ဆိုတဲ့ မေးခွန်းကလဲ.. ဒါပုံမှန် မေးနေကျ မေးခွန်းတခုပါ။ စီးပွါးရေး၊ ပညာရေး (Learning Management System – LMS)၊ အွန်လိုင်းစတိုး (Online Store/ Shop)၊ ကိုယ်ပိုင်ဘလော့ (Personal Blog)၊ …

Astra Theme Pro Bundle Read More »

ask, question mark, write-4304981.jpg

ငါမသိတာ အများကြီးပါလား

ရေဆန်လမ်းက ခပ်ကြမ်းကြမ်းအဝတ်တထည် ကိုယ်တခုနဲ့ ပညာတော်သင်ခရီးလေယာဥ်ပျံကြီး ပျံတက်သွားပြီးသည့်တိုင်ယုံတဝက်မယုံတဝက် ကိုယ့်အသားကိုယ် ပြန်ဆိတ်ကြည့်တော့မလို့။ ရေ၊ မီး၊ နေစရာနဲ့ စားစရာပြည့်စုံနေတဲ့ ဒီကျောင်းတော်အသစ်ကြီးမှာညဘက်မီးပိတ်(ပြတ်)မယ့် အချိန်ကိုစောင့်ရင်းအိပ်ယာဝင် နောက်ကျခဲ့ရ (မီးကမပြတ်ခဲ့ပါ)။ အသား၊ ငါး၊ အသီးအရွက် စုံလင်စွာ စားရတော့ချင်းပဲ (ဘဲလီ)ပြုတ်ဆီသပ်၊ ချဥ်ပေါင်ရွက်ကြမ်းအရေသောက်ငြုပ်သီးစိမ်းကိုက်စား၊ ဆောင်းမုန့်ညင်း၊ ကြက်သွန်မိတ်နဲ့လေးနှစ်တာ အရင်ကျောင်းတော်ကြီးက အချိန်တွေအတွက် ဂုဏ်ယူမိတယ်။ နေ့ဘက်မှာ စာသင်ခန်းနဲ့ စာကြည့်တိုက်ထဲ အလုပ်ရှုပ်ညဘက်မှာ အလွမ်းခန်းငယ်ထဲ မျက်ရည်ကျလိုက် ပြုံးလိုက်အရင်က ဒိုင်ယာရီကို စာမျက်နှာပြည့် ‌ရေးတတ်တဲ့ ကျွန်တော်အခုတော့.. အလွမ်းစာဖွဲ့နွဲ့ မရေးဖြစ်တော့ပါ (ဘာ့ကြောင့်မှန်း ကိုယ့်ကိုကိုယ်တောင်မသိ)။ မျက်နှာနဲ့စာအုပ်ကပ်ထားရှေ့ဆောင်အဘိဓါန်အထူကြီးကို သွားလေရာဆောင်ထားလယ်ထွန်ခဲ့တဲ့ လက်ချောင်းခပ်ကြမ်းကြမ်းတွေနဲ့ကွန်ပျူတာလက်ကွက်ကို ဟိုနှိပ်ဒီနှိပ် (ကျေးဇူးပါ Mavis Beacon)။ နက်ခ်သိုင်ကြီးတကားကား ကွင်းထိုးဖိနပ်နဲ့အားလုံးအလယ်မှာ ကိုယ်သာဟာသအဆင်ပြေသလိုသာ ဆင်ရတာမို့မရှိတာကို အတယ်လို့ အနက်ဖွင့်ခံခဲ့ရတဲ့ …

ငါမသိတာ အများကြီးပါလား Read More »

ဆယ်လက်မ တစ်ပေ

ဆယ်လက်မ တစ်ပေ

ဆယ့်နှစ်လက်မ တစ်ပေ၊သုံးပေ တစ်ကိုက်၊နှစ်ဆယ့်နှစ်ကိုက် တစ်သံကြိုး၊ဆယ်သံကြိုး တစ်ဖာလုံ၊ရှစ်ဖာလုံ တစ်မိုင်။ ငယ်စဥ်တောင်ကျေး ကလေးဘဝ၊ ရွာက အစိုးရ မူလတန်းကျောင်းမှာ ဆရာမ အလွတ်ကျက်ခိုင်းထားတဲ့ အတိုင်းအထွာ နဲ့ပတ်သက်တဲ့ စာပိုဒ်တိုတိုလေး တခုကို အခုအထိ အလွတ်ရနေတုန်းပါ။ ဟုတ်ပါတယ်။ အဲဒီ လက်မစနစ်က အခုထိ တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြဆဲပါ။ တခြား တဖက်မှာတော့ မီတာ စနစ်ကလည်း ဒီလက်မ စနစ်ကို လွမ်းမိုး ဝါးမျိုး နိုင်လောက်အောင်ကို ပိုပိုပြီး တွင်ကျယ်လို့ လာနေပါတယ်။ မြန်မာပြည်မှာကတော့ လက်မစနစ်တို့၊ တစ်ဗူး၊ တစ်ပြည် စနစ်တို့ တွင်တွင်ကျယ်ကျယ် သုံးနေဆဲပါ။ ဝါးတစ်ပြန်စာ ဆိုတာ တွေကလည်း ရှိသေးတယ်။ အချိန်တွက်ရာမှာဆို ပိုဆိုးတယ်၊ တရေးတမော ဆို ဘယ်နှစ်မိနစ်လဲ လာမမေးနဲ့။ ဘယ်ပညာရှင်မှ …

ဆယ်လက်မ တစ်ပေ Read More »

not difficult to start but to go on

အစပြုရန်မခက်ပါ၊ ရှေ့ဆက်ဖို့ရန်သာ ခက်ပါသည်

ကျွန်တော်တို့ပတ်ဝန်းကျင်မှာ လူတော်တော်များများက အလုပ်တခုကို စတင်လုပ်ဆောင် တတ်ကြသော်ငြားလည်း ဆက်လက်ပြီး ကြိုးစားအားထုတ်ကာ အစပြုခဲ့သည့်အရာကို တန်ဖိုးထားလျက် မဆုတ်မနှစ် ရှေ့ဆက် (carry on) လုပ်ဆောင်ရန် ပျက်ကွက်ကြတာကို တွေ့နေရပါတယ်။ ဥပမာ၊ Facebook Page တခုဖွင့်ပြီး အွန်လိုင်းကနေ ဝင်ငွေရှာမယ်၊ ဒါမှမဟုတ် အများကောင်းကျိုး လုပ်ဆောင်မယ် စသည်ဖြင့် စိတ်ကူးစိတ်သန်း အလန်းတွေနဲ့ Facebook Page (or) Facebook Group တွေဖွင့်ကြပါတယ်။ သို့သော်လည်း တကယ်ပဲ ဝရိယစိုက်ထုတ်မှု (Commitment) အပြည့်နဲ့ အောင်မြင်အောင် လုပ်ဆောင်သူက နည်းပါးလှပါတယ်။ သတင်းနဲ့ အချက်အလက်များကို အများပြည်သူ အကျိုးအလိုငှါ ဖြန့်ဝေမယ်လို့ စတင်လုပ်ဆောင် ခဲ့ကြသော်ငြားလည်း နောက်ဆုံးမှာတော့ အတင်းအဖျင်း၊ သတင်းတု သတင်းမှားတွေနဲ့ အဆုံးသတ် သွားတတ်ကြပါတယ်။ …

အစပြုရန်မခက်ပါ၊ ရှေ့ဆက်ဖို့ရန်သာ ခက်ပါသည် Read More »

Scroll to Top