# မြန်မာများအတွက် အထူး ပြုစုထားသော အင်္ဂလိပ် သင်ခန်းစာ
Let's Make Learning English A Breeze!
With A Customized and Simplified English Course Uniquely Designed for Myanmar Learners


With A Customized and Simplified English Course Uniquely Designed for Myanmar Learners
ရှိနှင့်ပြီးသား အင်္ဂလိပ်သဒ္ဒါ စာအုပ် တခုခုကို ပုံသေ လက်စွဲထား၍ သင်ပေးခြင်း မဟုတ်ပါ။ Resource အများကို ကိုးကား စုစည်းပြီး လိုယူ၊ ပိုပယ် ပြုလုပ်၍ စိတ်ကြိုက် သင်ခန်းစာ ဒီဇိုင်းဆွဲထားတာ ဖြစ်ပါတယ်။
ကွဲပြားတဲ့ သဒ္ဒါစည်းမျဉ်း များနဲ့ အနက်ဖွင့်ချက် များကို စုဆောင်း ပုံတူကူး သင်ပေးခြင်း မဟုတ်ပါ။ အတတ်နိုင်ဆုံး လို-တို-ရှင်း ဖြစ်အောင် မလိုအပ်တဲ့ ချဲ့ကားချက်များကို တည်းဖြတ်ပြီး သင်ခန်းစာကို ပြုစုထားတာ ဖြစ်ပါတယ်။
သင်ခန်းစာ အဆင့်ဆင့်ကို အပိုင်းများခွဲခြင်း၊ အခန်းများခွဲခြင်း၊ ပို့ချချက် ဗီဒီယို သင်ခန်းစာများကို ဖန်တီးခြင်း၊ လိုအပ်တဲ့ သင်ကြားခြင်း အထောက်အကူပြု Document/ Material များကို ဖန်တီးခြင်း စတာတွေကို ကိုယ်တိုင်ပြုလုပ် ထားတာ ဖြစ်ပါတယ်။
လေ့ကျင့်ခန်းများကို True/False, Single Choice, Multiple Choice, Essay, Fill In The Blank, Short Answer, Matching, Image Matching, Image Answering, Ordering စသည်ဖြင့် အမျိုးအစား စုံစုံလင်လင် စိတ်တိုင်းကျ ကိုယ်တိုင် ပြုစုထားတာ ဖြစ်ပါတယ်။
၂၀၀၄ – ၂၀၁၀ အထိ (၆)နှစ်တိုင်တိုင် အင်္ဂလိပ်စာဖြင့် အချိန်ပြည့် ပညာသင်ကြားခဲ့ခြင်း၊ ၂၀၀၈ မှစ၍ ယခုတိုင် နေ့စဉ်နဲ့အမျှ လက်တွေ့ ရေးသား ပြောဆို သုံးနှုန်းနေရတဲ့ အတွေ့အကြုံ များဖြင့် ဖြည့်စွက် ပေါင်းစပ် သင်ကြားပို့ချ ပေးတာ ဖြစ်ပါတယ်။
မဟုတ်ပါဘူး။ စနစ်တကျ ကြိုတင်စီမံပြင်ဆင်ထားတဲ့ ဗီဒီယိုသင်ခန်းစာများနှင့် သင်ကြားရေးအတွက် လိုအပ်သော teaching material အမျိုးမျိုးကို အသုံးပြု သင်ကြားမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် သင်ခန်းစာကို ရှင်းရှင်းလင်းလင်း နားလည်သည်အထိ အထပ်ထပ်အခါခါ လေ့လာသင်ယူနိုင်မှာ ဖြစ်ပါတယ်။ (သီချင်းတပုဒ်ကို အလွတ်မရမချင်း အထပ်ထပ် အခါခါ နားထောင်ရသလိုမျိုးပေါ့)။
ဟုတ်ကဲ့၊ ရှိပါတယ်။ ရက် (၇၀၀) တိတိ သတ်မှတ်ထားပါတယ်။ သင်တန်းတခုလုံးကို ပုံမှန်လုပ်သွားမယ်ဆိုရင် တစ်နှစ်အတွင်း ပြီးစီးနိုင်အောင် သင်ခန်းစာများကို ပြင်ဆင်ထားပါတယ်။ အကယ်၍ သတ်မှတ်ထားတဲ့ ရက် (၇၀၀) အတွင်း မပြီးနိုင်ပါက သင်ခန်းစာကို ဆက်လက်သင်ယူနိုင်မှာ မဟုတ်တော့ပါဘူး။ မိမိမပြီးသေးပဲ ကျန်နေတဲ့အပိုင်းကို မဖြစ်မနေ ပြီးတဲ့အထိ သင်ယူချင်တယ် ဆိုရင်တော့ သင်ခန်းစာ တခုလုံးကိုပဲ ပြန်ယူရမှာ ဖြစ်ပါတယ်။
သင်ခန်းစာတိုင်းမှာ မေးခွန်းတို၊ ကွက်လပ်ဖြည့်၊ မှား/မှန်ရွေး၊ မေးခွန်းတို/ရှည်၊ အဖြေတိုက် စသည်ဖြင့် အဆင့်အလိုက် အရည်အချင်းစစ်နည်း စုံစုံလင်လင်နဲ့ စိတ်ဝင်စားဖွယ်ရာ ပါဝင်မှာ ဖြစ်ပါတယ်။ သင်ခန်းစာတိုင်းအတွက် သတ်မှတ်ထားတဲ့ အောင်မှတ်ရှိပြီး ၎င်းအမှတ်ရမှသာ နောက်သင်ခန်းစာကို ဆက်သွားနိုင်မှာ ဖြစ်ပါတယ်။ မရှင်းမလင်း ဝိုးတဝါးနဲ့ သင်ခန်းစာ အဆင့်များကို တက်သွားလို့ ရမှာ မဟုတ်ပါဘူး။
ရှိကောင်းရှိနိုင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အကြောင်းတခုခုကြောင့် ခွင့်ပြုထားတဲ့ သင်ကြားခွင့်ကာလ အတွင်းမှာ သင်ခန်းစာ တခုလုံးကို ပြီးမြောက်အောင် မလုပ်နိုင်ခဲ့ရင် ဆက်လက် သင်ကြားခွင့် ဆုံးရှုံးမှာ ဖြစ်ပါတယ်။ မျှော်မှန်းထားတဲ့ တတ်မြောက်မှု အဆင့်တခု မရသရွေ့ သင်ခန်းစာ တခုချင်းဖြစ်စေ၊ သင်တန်းတခုလုံးဖြစ်စေ ပြီးမြောက်နိုင်မှာ မဟုတ်ပါဘူး။
ရှိပါတယ်၊ သင်ခန်းစာတစ်ခု အောင်မြင်ပြီးမြောက်ဖို့ ရမှတ်(၇၀)မှတ် သတ်မှတ်ထားပါတယ်။ ရမှတ် (၇၀)မှတ်မရမချင်း နောက်သင်ခန်းစာကို ဆက်သွားခွင့် မရှိပါဘူး။ မဖြစ်မနေ နားလည်တတ်မြောက်ပြီး အောင်မြင်ဖို့ရန်အတွက် မေးခွန်းများကို အကြိမ်ရေ အကန့်အသတ်မရှိ ဖြေဆိုခွင့် ပေးထားပါတယ်။
မရှိပါဘူး။ သင်ခန်းစာ ပို့ချချက်အားလုံးကို စနစ်တကျ ပြင်ဆင်ထားတဲ့ ဗီဒီယို သင်ခန်းစာများနဲ့ သင်ရမှာ ဖြစ်ပါတယ်။ ဆရာ Live လွင့်နေတုန်း မကြားလိုက်တာ၊ မမီလိုက်တာ၊ မမှတ်မိလိုက်တာ ဆိုတာမျိုး လုံးဝမရှိရပါ။ ပို့ချချက်များကို သဘောပေါက်နားလည်ပြီး နားထဲစွဲသွားသည်အထိ အထပ်ထပ် ကြည့်ရှု နားထောင် လေ့လာနိုင်မှာ ဖြစ်ပါတယ်။
ဟုတ်ကဲ့၊ ရမှာပါ။ ဤသင်တန်းတခုလုံး ပြီးမြောက်တဲ့အခါမှာ သင်တန်းပြီးဆုံးကြောင်း လက်မှတ်ကို ဤသင်တန်းစာမျက်နှာမှ PDF ဖိုင်ဖြင့် အလိုအလျောက် ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ ပုံနှိပ်လိုပါက ၎င်း PDF ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး ပုံနှိပ်လိုက်ရုံသာ ဖြစ်ပါတယ်။ ထို့ကြောင့် သင်တန်းအပ်စဉ်မှာ မိမိလက်မှတ်ပေါ်တွင် ပါရှိစေလိုသည့်အတိုင်း အမည်မှန်ဖြင့်သာ စာရင်းဖြည့်သွင်းရန် လိုအပ်ပါတယ်။
ဒီသင်တန်းဟာ ကိုယ်ပိုင်သင်တန်း ဖြစ်ပြီး မည်သည့် ပညာရေး အဖွဲ့အစည်းနှင့်မျှ ပူးပေါင်း (Affiliate) ထားခြင်း မရှိပါဘူး။ အင်္ဂလိပ်စာကို ပုံမှန် စာသင်ကျောင်း သင်ခန်းစာများမှ ခွဲထွက်ပြီး Customized လုပ်ထားတဲ့ သင်တန်း ဖြစ်ပါတယ်။ အဲ့ဒါကြောင့် အခြား ပညာရေး ဆိုင်ရာ ကျောင်းများ၊ ၎ါနများနှင့် အသင်းအဖွဲ့များ စသည်တို့ အတွက် Credit ရေတွက်ပေးမှာ မဟုတ်ပါဘူး။ အင်္ဂလိပ်စာကို လက်တွေ့ အလုပ်ဖြစ် လောက်တဲ့ အတိုင်းအတာ တခုအထိ သင်နားလည်ပြီး၊ ရေးတတ်၊ ပြောတတ်ဖို့ကိုသာ အဓိက ရည်ရွယ်ပါတယ်။ (မှတ်ချက်။ ကျွန်တော်ဟာ မြန်မာစာနဲ့ ဘွဲ့ရထားသူ မဟုတ်ပါဘူး။ မြန်မာစာကို ရေးတတ်ကြောင်း၊ ပြောတတ်ကြောင်း ဘယ်ပညာရေး အဖွဲ့အစည်း ဆီကမှ ဘာလက်မှတ်မှ ရယူပိုင်ဆိုင် ထားခြင်းလည်း မရှိပါဘူး။ ဒါပေမယ့် အခု သင်ဖတ်နေတဲ့ စာပိုဒ်ကို ကျွန်တော် ရေးထားတာ ဖြစ်ပါတယ်။)
© 2023 ဆရာမောင်ခိုင် - Free English Lessons for Myanmar Learners ဆရာမောင်ခိုင်.
© 2023 ဆရာမောင်ခိုင် - Free English Lessons for Myanmar Learners ဆရာမောင်ခိုင်.