the well finisher basic english course 101

It is not difficult to start off but to go on, even more so to finish well.
အစပြုရန် မခက်ပါ၊ ရှေ့ဆက်ဖို့ရန်သာ ခက်ပါသည်၊ အဆုံးသတ်ကောင်းရန်မှာ ပို၍ခက်ချေသည်။

About Us

ဤသင်တန်းသည် ရာနှုန်းပြည့် အွန်လိုင်းသင်တန်း ဖြစ်ပါသည်။ သီးခြား စာသင်ခန်း၊ ရုံးခန်းစသည်တို့ မလိုပါ။ ထိုသို့ ဖွင့်လှစ်ထားခြင်းလည်း မရှိသေးပါ။

သင်ကြားပို့ချရာတွင်လည်း ကျွန်တော် ဆရာမောင်ခိုင် (The Well Finisher) တဦးတည်းကသာ သင်ကြားပို့ချပြီး အခြား သင်ကြားရေးဆရာ/မ တဦးတယောက်မှ ပါဝင်ခြင်း မရှိပါ။

၎င်းအပြင် သင်ခန်းစာများကိုလည်း ကျွန်တော်ကိုယ်တိုင် ရေးဆွဲပြင်ဆင် ထားခြင်းဖြစ်ပြီး အခြားမည့်သည့် သင်ကြားရေး အထောက်အကူပြု ပစ္စည်းကိုမျှ ပုံတူကူး မီငြမ်းထားခြင်း လုံးဝမရှိပါ။

သင်ကြားခြင်း စနစ်တခုလုံးကို ဤအင်တာနက် စာမျက်နှာ ပေါ်တွင်ပင် အစအဆုံး ပြုလုပ်ပါသည်။ ကျောင်းအပ်ခြင်း၊ ငွေကြေးပေးသွင်းခြင်း၊ စာသင်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ စာစစ်ခြင်း၊ ဆွေးနွေးတိုင်ပင်ခြင်း .. အားလုံး အကြုံးဝင်ပါသည်။

ဤသင်တန်းတွက် ပြင်ဆင်ရေးဆွဲ ထားသည့် သင်ခန်းစာများ အားလုံးသည် လက်တွေ့ အသုံးချဖို့ရန် ကိုသာ အဓိက ရည်ရွယ် ဒီဇိုင်းဆွဲထားခြင်း ဖြစ်ပြီး မည်သည့် သင်ကြားရေးစနစ် တခုခု သို့မဟုတ် စာစစ်စနစ် တခုခု အတွက်မျှ အထူးရည်ရွည် ပြင်ဆင်ထားခြင်း လုံးဝမဟုတ်ပါကြောင်း သိစေပါသည်။

ပိုမိုသိရှိလိုသည်များကို အောက်တွင် ဖော်ပြသော အီးမေးလ်များမှတဆင့်ဖြစ်စေ၊ ဖုန်းနံပါတ်များကို ခေါ်၍သော်လည်းကောင်း၊ WhatsApp စာပို့၍သော်လည်းကောင်း၊ အောက်တွင်ရှိသော ဖောင်ကို တိုက်ရိုက်ဖြည့်၍လည်းကောင်း ဆက်သွယ်နိုင်ပါသည်။

Contact

+959881185428
+60102541239

စာရေးသား ပေးပို့လိုပါက