ဆရာမောင်ခိုင်
  • Home
  • Opinion
  • Editorial
  • Culture
  • Global
  • Essay
  • Letters
  • Sports
  • Education
No Result
View All Result
Get Started
ဆရာမောင်ခိုင်
  • Home
  • Opinion
  • Editorial
  • Culture
  • Global
  • Essay
  • Letters
  • Sports
  • Education
No Result
View All Result
ဆရာမောင်ခိုင်
No Result
View All Result
အစပြုရန်မခက်ပါ၊ ရှေ့ဆက်ဖို့ရန်သာ ခက်ပါသည်

အစပြုရန်မခက်ပါ၊ ရှေ့ဆက်ဖို့ရန်သာ ခက်ပါသည်

အစပြုရန်မခက်ပါ၊ ရှေ့ဆက်ဖို့ရန်သာ ခက်ပါသည်

ဘာပဲ လုပ်လုပ်၊ ဘာပဲ စဥ်းစား စဥ်းစား သေချာပြီလား၊ တကယ် ဖြစ်ချင် လုပ်ချင်တာလား၊ မစုတ်မနှစ် လုပ်မှာလား စတာတွေကို ကိုယ့်ကိုကိုယ် အရင်မေးသင့်ပါတယ်။ သေချာပြီ ဆိုရင်တော့ .. နန်းတော် ရောက်ရောက်၊ သင်္ချိုင်းရောက်ရောက် လုပ်တော့။

ဆရာမောင်ခိုင် by ဆရာမောင်ခိုင်
2023-11-06

ကျွန်တော်တို့ပတ်ဝန်းကျင်မှာ လူတော်တော်များများက အလုပ်တခုကို စတင်လုပ်ဆောင် တတ်ကြသော်ငြားလည်း ဆက်လက်ပြီး ကြိုးစားအားထုတ်ကာ အစပြုခဲ့သည့်အရာကို တန်ဖိုးထားလျက် မဆုတ်မနှစ် ရှေ့ဆက် (carry on) လုပ်ဆောင်ရန် ပျက်ကွက်ကြတာကို တွေ့နေရပါတယ်။

ဥပမာ၊ Facebook Page တခုဖွင့်ပြီး အွန်လိုင်းကနေ ဝင်ငွေရှာမယ်၊ ဒါမှမဟုတ် အများကောင်းကျိုး လုပ်ဆောင်မယ် စသည်ဖြင့် စိတ်ကူးစိတ်သန်း အလန်းတွေနဲ့ Facebook Page (or) Facebook Group တွေဖွင့်ကြပါတယ်။ သို့သော်လည်း တကယ်ပဲ ဝရိယစိုက်ထုတ်မှု (Commitment) အပြည့်နဲ့ အောင်မြင်အောင် လုပ်ဆောင်သူက နည်းပါးလှပါတယ်။ သတင်းနဲ့ အချက်အလက်များကို အများပြည်သူ အကျိုးအလိုငှါ ဖြန့်ဝေမယ်လို့ စတင်လုပ်ဆောင် ခဲ့ကြသော်ငြားလည်း နောက်ဆုံးမှာတော့ အတင်းအဖျင်း၊ သတင်းတု သတင်းမှားတွေနဲ့ အဆုံးသတ် သွားတတ်ကြပါတယ်။

You might also like

ဆယ်လက်မ တစ်ပေ

ဆယ်လက်မ တစ်ပေ

2023-11-06
ဘုရား ညောင်ကြောင့် ပျက်တတ်သည်

ဘုရား ညောင်ကြောင့် ပျက်တတ်သည်

2023-11-06

သမီးရည်းစား အဆင့်က တာဝန်ထက် အိမ်ထောင်မှုက ပိုပြီး တာဝန်ရှိလာပါတယ်။ တူနှစ်ကိုယ် တဲစုတ်ကလေးထဲမှာ ပျော်ပါတယ် ဆိုတာက စားအိုးကြီးလာတဲ့အခါ သိပ်မမှန်တော့ပါဘူး။ ဘာလို့ဆိုတော့ နှစ်ယောက်တစ်အိမ်မက် မှမဟုတ်တော့တာ၊ အခုက ရှစ်ယောက် တအိမ်မက်လောက် ဖြစ်နေပြီလေ။ အိမ်ထောင်တခုကို စတုန်းက စခဲ့ပြီးမှ အခုမှ နောင်တရတယ်တို့ ဘာတို့ ကိုယ့်မိန်းမ ကြားအောင် သွားမဟမိလေနဲ့။ ဟိုကလည်း ဘယ်နေမလဲ။ နင့်အရင် သုံးယောက်မြောက် ရည်းစားကို ငါလက်ထပ်ခဲ့ရင် အခုသူ့တိုက်နဲ့ကားတွေ ငါ့ဟာ ဖြစ်မှာ ဆိုပြီး ပြန်ဆော်လိုက်မှ ဟုတ်ပေ့ ဖြစ်နေမယ်။

ဒါတင် ဘယ်ပြီးအုံးမလဲ။

ဗိုက်က အဆီခေါက်ကြီးကို စိတ်နာနာနဲ့ MC က တင်ဆက်တဲ့ နန်းခင်ဇေယျာ လုပ်ပြတဲ့ လေ့ကျင့်ခန်းလေး အားကျလို့ ကိုယ်လည်း တတ်သလောက် မှတ်သလောက် လုပ်ကြည့်လိုက်တာ ခုနှစ်ရက် ကြီးများ‌တောင် ရှိလာပြီ၊ ဘာမှမထူးသေးပါဘူး။ ကိုယ့်ဗိုက်ခေါက်ကြီးကို ကိုယ်ပြန်ကြည့်ပြီး၊ ဟင်.. ဘာမှလည်း ဖြစ်မလာဘူး လို့ နောက်ဆုံးတကြိမ် ညည်းလိုက်ပြီး နဂို စားနေကျ အိပ်နေကျ အချိန်ဇယားလေး အတိုင်းပဲ ပြန်နေလိုက်တယ်။ ဆန္ဒကို ဝရိယမကူတော့ .. ဟင်၊ ပိုတောင် ဝလာသလား ထင်ရတယ်။

ဘဝကို အဲလိုမျိုး ကျောက်နံရံကို ပန်းနဲ့ ပေါက်သလို သွားလုပ်လို့ကတော့၊ အင်း.. ဖြစ်အုံးမယ် အားကြီးကြီး။ ဒါ့ကြောင့် သေချာအောင် ဒယ်အိုးကိုယ်တော် လေသံနဲ့ အရင်မေးပါရစေ။

ဟုတ်ပလား၊ သဘောပါသလား၊ သေချာသလား။

ဟုတ်ပါတယ်။ ဘဝမှာ ဘာလုပ်လုပ် သေချာမှ၊ ခိုင်မာမှ၊ တကယ်‌ဆန္ဒရှိပြီဟေ့၊ ပိုက်ဆံမကုန်တဲ့ ဝရိယကိုတော့ ဒလဟော သွန်ချ အားထုတ်တော့မယ်ဟေ့ ဆိုမှ စတင်လုပ်ဆောင်ပါ။ အလွယ်တကူ စလုပ်ပြီးကာမှ လမ်းတဝက် ‌ရောက်မှ အချဥ်ပေါင်းထုပ် မစားချင်ဘူး၊ လတ်လတ်ဆတ်ဆတ် ရှောက်သီးသုပ်ပဲ စားတော့မယ် တော့ မလုပ်ကောင်းပါဘူး။ ဘဝမှာ တချို့ကိစ္စတွေက အချဥ်ပေါင်း တခုမကြိုက်လို့ နောက်တခု အလွယ်တကူ ပြောင်းလဲ ဝယ်စားလို့ ရသလိုမျိုး လွယ်လွယ် ပြန်ပြောင်းမရလို့ ဖြစ်ပါတယ်။

ဒါ့ကြောင့် ဘာပဲ လုပ်လုပ်၊ ဘာပဲ စဥ်းစား စဥ်းစား သေချာပြီလား၊ တကယ် ဖြစ်ချင် လုပ်ချင်တာလား၊ မစုတ်မနှစ် လုပ်မှာလား စတာတွေကို ကိုယ့်ကိုကိုယ် အရင်မေးသင့်ပါတယ်။ သေချာပြီ ဆိုရင်တော့ .. နန်းတော် ရောက်ရောက်၊ သင်္ချိုင်းရောက်ရောက် လုပ်တော့။

နောက်ဆုံးအနေနဲ့ လေးဖြူ ရဲ့ မင်းမှမင်းပဲ ဆိုတဲ့ သီချင်းလေး လိုက်ညည်းကြည့် လိုက်ပါအုံး။

Related Stories

ဆယ်လက်မ တစ်ပေ

ဆယ်လက်မ တစ်ပေ

by ဆရာမောင်ခိုင်
2023-11-06
0

လက်သန်း ဓားရှတာ အသာနေလို့ ရပေမယ့် ခေါင်းကို ဓားမနဲ့ အခုတ်ခံရရင်တော့ ဘယ်နေသာ တော့မလဲ။ ဆေးရုံ ပြေးရတော့မှာပေါ့။ နိုင်ငံ တခု ခေတ်မီ ဖွံ့ဖြိုး တိုးတက်ဖို့ အဖက်ဖက်က ကြိုးစားကြရာမှာ ကျန်းမာရေး၊ စီးပွါးရေး၊...

ဘုရား ညောင်ကြောင့် ပျက်တတ်သည်

ဘုရား ညောင်ကြောင့် ပျက်တတ်သည်

by ဆရာမောင်ခိုင်
2023-11-06
0

မတ်နဲ့မရီး၊ ခယ်မနဲ့ခဲအို၊ ဦးလေးနဲ့တူမ၊ အဒေါ်နဲ့တူ၊ မယားရှိလင်နဲ့ ငြိတဲ့အပျို၊ လင်ရှိမယားကို ကြာခိုတဲ့ လူပျို၊ သူ‌ဌေးသမီးနဲ့ အလုပ်သမား၊ ဘုန်းကြီးရဟန်းနဲ့ ဒကာမ၊ ဆရာနဲ့တပည့်ကျောင်းသူ၊ ဆရာမနဲ့ တပည့်ကျောင်းသား – အလွှာစုံမှာ ဖြစ်နေ၊ ငြိနေ...

မီးပွိုင့်မှာ ထင်ဟပ်တဲ့ လူမှုပုံရိပ်

မီးပွိုင့်မှာ ထင်ဟပ်တဲ့ လူမှုပုံရိပ်

by ဆရာမောင်ခိုင်
2023-11-06
0

လူတဦး တယောက်ချင်းစီ ကြိုးစားရင် ကြိုးစားသလောက် အောင်မြင်နိုင်တာက ဘယ်သူမှ အငြင်းပွားဖွယ်ရာ မရှိသော်လည်း လူမျိုးတမျိုး၊ လူအုပ်စုတခုမှာ ယေဘုယျ တူညီချက်တွေ ရှိနေတတ်တာကလည်း ငြင်းဆန်လို့ မရတဲ့ အရှိတရား၊ အမှန်တရား တခု ဖြစ်နေပြန်ပါတယ်။

Next Post
မီးပွိုင့်မှာ ထင်ဟပ်တဲ့ လူမှုပုံရိပ်

မီးပွိုင့်မှာ ထင်ဟပ်တဲ့ လူမှုပုံရိပ်

ဘုရား ညောင်ကြောင့် ပျက်တတ်သည်

ဘုရား ညောင်ကြောင့် ပျက်တတ်သည်

ဆရာမောင်ခိုင် mgkhai.com

မင်္ဂလာပါ။ ကျွန်တော် ဆရာမောင်ခိုင်ပါ။ ကျွန်တော်သိသမျှ၊ တတ်သမျှ အင်္ဂလိပ်စာ နှင့် အခြား ဘဝအသိအမြင်နဲ့ ယုံကြည်ချက်များကို ဒီနေရာကနေ ဝေမျှသွားပါမယ်။ အားလုံးအတွက် တစုံတရာ အကျိုးဖြစ်ထွန်းပါစေ။

  • ဆရာမောင်ခိုင် အကြောင်း
  • အင်္ဂလိပ်စာသင်တန်း
  • Education

© 2023 ဆရာမောင်ခိုင် - Free English Lessons for Myanmar Learners ဆရာမောင်ခိုင်.

No Result
View All Result
  • Landing Page
  • Buy JNews
  • Support Forum
  • Pre-sale Question
  • Contact Us

© 2023 ဆရာမောင်ခိုင် - Free English Lessons for Myanmar Learners ဆရာမောင်ခိုင်.