NOUN: Definition
နာမ်: အဓိပ္ပါယ် ဖွင့်ဆိုချက်
သင်ခန်းစာအကြောင်း (About The Lesson)
ဤသင်ခန်းစာမှာတော့
ရိုးရှင်းတိကျတဲ့ နာမ်အဓိပ္ပါယ် ဖွင့်ဆိုပုံ
ကွဲပြားခြားနားတဲ့ နာမ်အမျိုးအစားခွဲခြားခြင်းအမျိုးမျိုး
စတာတွေကို သင်ယူရမှာ ဖြစ်ပါတယ်။
Noun နာမ်
သက်ရှိသတ္တဝါဖြစ်စေ၊ သက်မဲ့ အရာဝတ္ထုဖြစ်စေ၊ ထိတွေ့ကိုင်တွယ်၍ ရသောအရာဖြစ်စေ၊ ထိတွေ့ကိုင်တွယ်၍ မရသောအရာဖြစ်စေ၊ မြင်ရသောအရာဖြစ်စေ၊ မမြင်ရသောအရာဖြစ်စေ အမှန်တကယ်တည်ရှိနေပြီး အမည်နာမ ခေါ်တွင်သမုတ်၍ ရသောအရာ မှန်သမျှကို Noun (နာမ်) လို့ခေါ်ပါတယ်။
Proper Noun (ကိုယ်ပိုင်နာမ်)
တစုံတယောက် (ဝါ) တစုံတခုနဲ့သာ ဆိုင်သော နာမ်များ (အမည်နာမများ) ကို Proper Noun (ကိုယ်ပိုင်နာမ်) လို့ ခေါ်ပါတယ်။
Common Noun (အများဆိုင်နာမ်)
အများနဲ့သက်ဆိုင်သော နာမ်များကို Common Noun (အများဆိုင်နာမ်) လို့ခေါ်ပါတယ်။
Material Noun (သဘာဝသယံဇာတနာမ်)
သဘာဝထွက်ကုန်များ၊ သဘာဝသယံဇာတ ပစ္စည်းများ၊ တွင်းထွက်ဓါတ်သတ္တုများ၊ အသား၊ ငါး နှင့် စားသောက် ကုန်ပစ္စည်းများ စသည်တို့ကို Material Noun (သဘာဝသယံဇာတနာမ်) လို့ခေါ်ပါတယ်။
Abstract Noun (စိတ္တဇနာမ်)
မျက်စိဖြင့်မမြင်ရ၊ ထိတွေ့ကိုင်တွယ်၍ မရသော်လည်း အမှန်တကယ် ရှိနေ ဖြစ်နေပြီး စိတ်ဖြင့်သာသိရသော အရာ များကို Abstract Noun (စိတ္တဇနာမ်) လို့ခေါ်ပါတယ်။
နာမ်အမျိုးအစား (Types of Noun) ခွဲခြားခြင်း အထူးရှင်းလင်းချက်
နာမ်များကို အမျိုးအစား ခွဲခြားရာမှာ အင်္ဂလိပ် သဒ္ဒါကျမ်းများနှင့် ဆရာများအကြား ကွဲပြားမှုများ ရှိပါတယ်။ ဒီလို ကွဲပြားမှုတွေကြောင့် ရှုပ်ထွေး ဝေဝါးမသွား စေချင်ပါဘူး။
ယနေ့ခေတ် အချိန်အခါမှာ ခေတ်စားနေတဲ့ အင်တာနက် စာမျက်နှာများပေါ်က အင်္ဂလိပ်စာ သင်ပြပေးတဲ့ website တချို့၏ နာမ်အုပ်စု ခွဲခြားချက်များကိုလေ့လာနှိုင်းယှဥ်ပြီး ရှင်းလင်း သင်ပြပေးသွားမှာ ဖြစ်ပါတယ်။
နာမ်အမျိုးအစား (Types of Noun) ခွဲခြားခြင်း အထူးရှင်းလင်းချက်
New Method English Grammar
Proper Noun
Common Noun
Collective Noun
Material Noun
Abstract Noun
English Finders
englishfinders.com
Proper Noun
Common Noun
Collective Noun
Abstract Noun
Material Noun
ESL Grammar
eslgrammar.org
Proper Noun
Common Noun
Abstract Noun
English Grammar Here
englishgrammarhere.com
Common Noun
Proper Noun
Abstract Noun
Concrete Noun
Countable Noun
Uncountable Noun
Compound Noun
Collective Noun
Singular Noun
Plural Noun
English Study Here
englishstudyhere.com
Common Noun
Proper Noun
Abstract Noun
Concrete Noun
Countable Noun
Uncountable Noun
Compound Noun
Collective Noun
Singular Noun
Plural Noun
English Study Online
englishstudyonline.org
Common Noun
Proper Noun
Abstract Noun
Concrete Noun
Countable Noun
Uncountable Noun
Compound Noun
Collective Noun
Singular Noun
Plural Noun
Lessons For English
lessonsforenglish.com
Common Noun
Proper Noun
Abstract Noun
Concrete Noun
Countable Noun
Uncountable Noun
Compound Noun
Collective Noun
Singular Noun
Plural Noun
7 ESL
7esl.com
Concrete Noun
Abstract Noun
Countable & Uncountable Noun
Collective Noun
Compound Noun
Possessive Noun
Regular Plural Noun
Irregular Plural Noun
နေရာအသီးသီးမှ နာမ်အမျိုးအစား (Types of Noun) ခွဲခြားချက်များကို စီစစ်သောအခါ အောက်ပါ အတိုင်း (၁၅) မျိုးအထိ ခွဲခြားသင်ပြ ထားကြသည်ကို တွေ့ရ ပါတယ်။
Proper Noun
Common Noun
Collective Noun
Material Noun
Abstract Noun
Concrete Noun
Countable Noun
Uncountable Noun
Regular Plural Noun
Irregular Plural Noun
Singular Noun
Plural Noun
Compound Noun
Partitive Noun
Possessive Noun
အချုပ်အားဖြင့် အောက်ပါ နာမ်အမျိုးအစား (Types of Noun) ခွဲခြားခြင်း (၄)မျိုးကို မှတ်သားထားပါ။ ဤအမျိုး အစား (၄)မျိုးသာရှိတယ်လို့ မဆိုလိုပါ။ သို့သော် ဤအမျိုးအစား (၄)မျိုးသည် အင်္ဂလိပ်စာရေးသားပြောဆို ရာတွင် ၎င်းတို့နဲ့ ပတ်သက်ဆက်စပ်သော နည်းဥပဒေသများ အခိုင်အမာ ရှိတဲ့အတွက် မဖြစ်မနေ သင်ယူမှတ်သားထားဖို့ ဆန်ကာတင် ထုတ်နှုတ်ထားခြင်း ဖြစ်ပါတယ်။
Proper Noun (ကိုယ်ပိုင်နာမ်)
Common Noun (အများဆိုင်နာမ်)
Material Noun (သဘာဝသယံဇာတနာမ်)
Abstract Noun (စိတ္တဇနာမ်)
ဤ နာမ်အမျိုးအစား (၄)မျိုးမှာ
အမည်နာမများကို မှန်ကန်စွာ ရေးသားရန်အတွက် ဖြစ်စေ
နာမ်များကို အများကိန်း ပြောင်းရန်အတွက် ဖြစ်စေ
အာတီကယ်လ်/ Article (A, An, The) တွဲသုံးရာတွင် ဖြစ်စေ
၎င်းတို့ နှင့်ဆက်စပ်၍ လိုက်နာရမည့် သဒ္ဒါနည်းဥပဒေသများ ရှိပါ တယ်။ ထို့ကြောင့် ဤ(၄)မျိုးကို မဖြစ်မနေ မှတ်သားထားရပါမယ်။
အောက်ပါနာမ်အမျိုးအစား (၄)မျိုးမှ တမျိုးလျှင် နာမ်ပုဒ် (၁၀)ခုစီ ရေးပြပါ။
(၁) Proper Noun (ကိုယ်ပိုင်နာမ်) (၁၀)ခုကို ရေးပါ။
(၂) Common Noun (အများဆိုင်နာမ်) (၁၀)ခုကို ရေးပါ။
(၃) Material Noun (သဘာဝသယံဇာတနာမ်) (၁၀)ခုကို ရေးပါ။
(၄) Abstract Noun (စိတ္တဇနာမ်) (၁၀)ခုကို ရေးပါ။
အောက်ပါတို့ကို နာမ်အမျိုးအစား (၄)မျိုး အုပ်စုတူရာ ခွဲပြပါ။
Air
Anger
Apple
Bagan
Beef
Bicycle
Book
Box
Boy
Bridge
Brother
Car
Chicken
City
Compassion
Country
Curtain
Daughter
Door
Face
Factory
Faith
Favour
Feeling
Fish
Forest
Foundation
Friend
Fruit
Gate
Gold
Hair
Hammer
Hand
Happiness
Hope
House
Husband
Internet
Jealous
Khin Hlaing
Kyaw Moe
Lead
Leaf
Letter
Love
Man
Mandalay
Mango
Map
Mattress
Meat
Mount
Nail
Nilar Aung
Paper
Pathein
Place
Plate
Relative
Rice
River
Rock
Roof
Sand
Sause
School
Ship
Shop
Smell
Snow
Soil
Son
Soup
Spoon
Steel
Stone
Store
Street
Success
Sugar
Supermarket
Taste
Thailand
Thidar Aye
Town
Truck
Voice
Water
Website
Wheat
Wife
Wind
Window
Word
Yangon