Need A Website?
သင် website တခု တည်ဆောက်ဖို့ လိုအပ်နေပါသလား? ရပါတယ်၊ ကျွန်တော် ကူညီနိုင်ပါတယ်။ ဘယ်လိုဝက်ဘ်ဆိုဒ်မျိုး သင်လိုချင်တာလဲ?

Online Learning

Blogging/ News

Real Estate

Selling Online

Business/ Service

Membership/ Affiliate
ဒါမှမဟုတ် ဘယ်လိုမျိုး လိုအပ်တာလဲ?
Starter Package ($250/Year)
သင့်ဝက်ဘ်ဆိုဒ်ကို တနှစ်/ဒေါ်လာ ၂၅၀ ဖြင့် စတင် တည်ဆောက်ပါမယ်။ မိမိ၏ လိုအပ်ချက်နှင့်အညီ တိုးချဲ့ဖြည့်စွက်မှုများ ရှိလာတဲ့အခါ လိုအပ်ချက်တခုစီတိုင်း အတွက်သာ ထပ်ပေးရမှာ ဖြစ်ပါတယ်။ ဒီတော့ မလိုအပ်တဲ့အရာအတွက် ပိုက်ဆုံအပို ကုန်စရာ လုံးဝမလိုတော့ပါဘူး။ ကားမောင်းနေတဲ့သူအတွက် ခေါင်မိုးပေါ်မှာ ရဟတ်ယဉ် ဆင်းဖို့ နေရာမလိုအပ် သလိုပါပဲ။ À la carte စနစ်ပါ။
ဤနှစ်စဉ်ကြေးသည် သင့်ဝက်ဘ်ဆိုဒ်ရဲ့ Hosting, Domain နှင့် အသုံးပြုထားသည့် Theme နဲ့ Page Builder Plugin များအတွက် နှစ်စဉ်ကျသင့်ငွေသာ ဖြစ်ပြီး သီးခြား အမြတ်အစွန်းနှင့် ဝန်ဆောင်ခများကို ထည့်တွက်ထားခြင်း မရှိပါ။ အဲဒါကြောင့် သင့်ဝက်ဘ်ဆိုက် တည်ရှိနေသရွေ့ နှစ်စဉ်ပုံမှန် ပေးသွင်းရမှာ ဖြစ်ပါတယ်။
သင့် ဝက်ဘ်ဆိုဒ်ကို တည်ဆောက်မယ့် ပုံစံက အောက်ပါအတိုင်း ဖြစ်ပါတယ်။

Platform: WordPress
သင့်ရဲ့ ဝက်ဘ်ဆိုဒ်ကို ယနေ့ Web Development လောကမှာ အထင်ရှားဆုံး ပလက်ဖောင်း တခုဖြစ်တဲ့ WordPress ကို အသုံးပြုပြီး တည်ဆောက်ပေးမှာ ဖြစ်ပါတယ်။

Hosting: AWS
သင့်ရဲ့ ဝက်ဘ်ဆိုဒ်ကို တည်ဆောက်ဖို့ နေရာအတွက် ယနေ့ Web Hosting လောကမှာ ဂုဏ်သတင်း ကျော်စောပြီး လုံခြုံရေး ရှုထောင့်တွင်လည်း စိတ်အချရဆုံး တွေထဲက တခုဖြစ်တဲ့ AWS (Amazon Web Service) ကို အသုံးပြုပေးမှာ ဖြစ်ပါတယ်။ သင့်ရဲ့ Starter Package မှာ 5GB Cloud Storage ပါပြီး ဖြစ်ပါတယ်။ အကယ်၍ သင့်အနေဖြင့် Storage ကို ထပ်တိုးလိုအပ်ပါကလည်း ရပါတယ်။ Storage အတွက် ဈေးနှုန်းကို ယေဘုယျ နားလည်နိုင်ရန်အတွက် အောက်တွင် အနီးစပ်ဆုံး သင်လိုအပ်နိုင်သည့် ပမာဏ အနည်းငယ်ကို ဖော်ပြပေးထား ပါတယ်။
- 5GB (+၂၀ ဒေါ်လာ /နှစ်စဉ်) ထပ်ဝယ်ရင် 10GB ရှိလာမှာဖြစ်ပြီး နှစ်စဉ်ကြေးမှာ ၂၇၀ ဒေါ်လာ ကျသင့်မှာဖြစ်ပါတယ်။
- 10GB (+၃၅ ဒေါ်လာ /နှစ်စဉ်) ထပ်ဝယ်ရင် 15GB ရှိလာမှာဖြစ်ပြီး နှစ်စဉ်ကြေးမှာ ၂၈၅ ဒေါ်လာ ကျသင့်မှာဖြစ်ပါတယ်။
- 15GB (+၅၀ ဒေါ်လာ /နှစ်စဉ်) ထပ်ဝယ်ရင် 20GB ရှိလာမှာဖြစ်ပြီး နှစ်စဉ်ကြေးမှာ ၃၀၀ ဒေါ်လာ ကျသင့်မှာဖြစ်ပါတယ်။

Free Domain: 1 Free TLD Domain
သင့်ဝက်ဘ်ဆိုက်အတွက် domain တခုကို အခမဲ့ ရရှိမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီအခမဲ့ domain အတွက် အောက်ပါ သတ်မှတ်ချက်များနဲ့ ဘောင်ဝင်ရမှာ ဖြစ်ပါတယ်။
- TLD များထဲက ဖြစ်ရပါမယ်။ ဥပမာ၊ [ .com | .net | .org | .ai | .xyz | .me | .biz | .shop | .co | .club | .info | .cc ] စတာတွေအပြင် အခြားသော top-level domain အားလုံး အကြုံးဝင်ပါတယ်။ မြန်မာအမည် တော်တော်များများဟာ အခုအချိန်မှာ အသက်သာဆုံးဈေးနဲ့ ရနေနိုင်သေးတာ တွေ့ရပါတယ်။ ဥပမာ၊ wahlone.com | thidar.com | myatmarlar.com စသည်ဖြင့်ပေါ့။ ဒါပေမယ့် သိပ်တော့ကြာကြာ ရနေနိုင်မှာ မဟုတ်ပါဘူး။ နာမည်လှလှလေးတွေကို အရင်ရယူမထားရင် တစုံတယောက်က လက်ဦးသွားမှာ ဖြစ်ပါတယ်။ sagaing.com ဟာ ၂၀၂၁ နိုဝင်ဘာလမှာ ဒေါ်လာ ၄၇၈၈ တိတိ တန်နေပြီ ဖြစ်ပါတယ်။ mandalay.com ဆိုရင် တစုံတယောက်က ရယူပြီးသွားလို့ အခုချိန်မှာ လိုချင်သပ ဆိုရင်တောင် မရနိုင်တော့ပါဘူး။
- တန်ဖိုးအားဖြင့် 12 USD (၁၂ ဒေါ်လာ) ထက် မများရပါ။ ဘာဖြစ်လို့လဲဆိုတော့ domain တွေဟာ ဒေါ်လာ သောင်းချီ၊ သိန်းချီ မက တန်ဖိုးရှိနေနိုင်လို့ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် သင်ရွေးချယ်တဲ့ domain ဟာ အများဆုံးဈေးနှုန်း ၁၂ ဒေါ်လာ အထိသာ ဖြစ်ရပါမယ်။ ၁၂ ဒေါ်လာအထက် တန်ဖိုးရှိသော domain များကို အသုံးပြုလိုပါက ကျသင့်တန်ဖိုးကို မိမိကိုယ်တိုင် ကျခံရမှာ ဖြစ်ပါတယ်။ ဥပမာတခု ပြပါမယ်။ available.io ဟာ အခုလက်ရှိ အသုံးပြုသူ မရှိသေးပဲ ဝယ်ယူလိုပါက ဝယ်ယူရရှိ နိုင်ပါသေးတယ်။ ဒါပေမယ့် အဲ့ဒီ domain က ၂၀၂၁ နိုဝင်ဘာလအထိ USD 100,000 (ဒေါ်လာတစ်သိန်း တိတိ) ဈေးရှိနေပြီး နောက်ဆိုရင် ဈေးအပြောင်းအလဲ ရှိနေအုံးမှာ ဖြစ်ပါတယ်။ ဒီလောက်ဈေးကြီးတဲ့ domain မျိုးကိုတော့ အခမဲ့ ပေးနိုင်မှာ မဟုတ်ပါဘူး။
- မိမိတို့ သက်ဆိုင်ရာ နိုင်ငံများအလိုက် သတ်မှတ်ထားတဲ့ domain များဟာလည်း အခမဲ့ ပေးသည့်အထဲမှာ မပါပါဘူး။ ဥပမာ၊ [.com.mm] [.net.mm] [.org.mm] [.biz.mm] [.gov.mm] စတာတွေ ဖြစ်ပါတယ်။ ဒီလိုမျိုး နိုင်ငံအလိုက် သုံးသော domain အမည်များကို အသုံးပြုလိုပါက သက်ဆိုင်ရာနိုင်ငံအလိုက် သတ်မှတ်ထားတဲ့ ဥပဒေနဲ့ လုပ်ထုံးလုပ်နည်းများနဲ့အညီ သင်ကိုတိုင် သက်ဆိုရာမှာ လျှောက်ထား ဝယ်ယူ ရမှာဖြစ်ပြီး ကျသင့်တန်ဖိုးကိုလည်း သင်ကိုယ်တိုင် ကျခံရမှာ ဖြစ်ပါတယ်။ ဆောင်ရွက်ရမည့် အဆင့်များကိုတော့ လိုအပ်သလို လမ်းညွှန်မှု ပေးမှာ ဖြစ်ပါတယ်။

Free Web Design: 5 Essential Pages
Starter Package အတွက် Web Design ကို ဝက်ဘ်ဆိုဒ် စာမျက်နှာ ၅ခုအထိ အခမဲ့ ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ ဒီဝန်ဆောင်မှုက ပထမဆုံး ဝက်ဘ်ဆိုက် စတင်တည်ဆောက်တဲ့ အချိန်မှာသာ အကျုံးဝင်ပြီး သင့်လိုအပ်ချက်အရ စာမျက်နှာ ၁၀ခုထက် ပို၍လိုအပ်လျှင်ဖြစ်စေ၊ နောက်နောင် ထပ်၍ ဖြည့်စွက်ချက်များနှင့် ပြုပြင်ချက်များအတွက် သင့်တင့်သော ဝန်ဆောင်ခကို ပေးဆောင်ရမှာ ဖြစ်ပါတယ်။

Free Data Backup: Daily Backup
သင့်ဝက်ဘ်ဆိုဒ်ရဲ့ ဒေတာများကို စွမ်းဆောင်မှုနှင့် ဝန်ဆောင်မှု အဆင့်မြင့်မားတဲ့ Backup စနစ် တခုမှာ အမြဲတမ်း အရံထိန်းသိမ်း ထားပေးမှာ ဖြစ်ပါတယ်။ အကြောင်းကြောင်းကြောင့် သင့်အချက်အလက်တွေ ထိခိုက်မှု၊ ပျောက်ဆုံးမှု တခုခု ဖြစ်ခဲ့သည့်တိုင် အချိန်တို ခဏအတွင်းမှာ သင့်ဝက်ဘ်ဆိုဒ်ကို ထိခိုက်မှုမရှိပဲ ပြန်လည်ရယူပြီး ချက်ချင်း ပြန်အသက်သွင်းနိုင်မှာ ဖြစ်ပါတယ်။

Bandwidth: Unmetered
ဝက်ဘ်ဆိုဒ်တခုကို ပိုင်ဆိုင်သူတိုင်း အမျှော်လင့်ဆုံး တခုက လာရောက်ကြည့်ရှုသူ များများရှိဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် ကြည့်ရှုသူ နဲနဲတက်လာတာနဲ့ သင့်ဝက်ဘ်ဆိုဒ် အဝိုင်းလည်နေပြန်ရင်လည်း သင်စိတ်ပျက်ရမှာ သေချာပါတယ်။ Unlimited/Unmetered လို့ဆိုတိုင်းလည်း မယုံရပါဘူး။ သင့်ဝက်ဘ်ဆိုဒ်အတွက် အသုံးပြုမယ့် Unmetered Bandwidth ဟာ သင့်ကို လုံးဝ စိတ်မပျက်စေဘူး ဆိုတာ အာမခံပါတယ်။

Premium Theme
Premium Theme
လုပ်ငန်းသဘောနဲ့ ဝန်ဆောင်မှု လိုအပ်ချက်ကြောင့် အသင့်ရေးဆွဲပြီး Theme တခုခုကို အသုံးပြုရသည်မှအပ Astra Theme Bundle/ Lifetime License (တစ်သက်တာ လိုင်စင်) ကို အသုံးပြုပြီး သင့်ဝက်ဘ်ဆိုဒ်ကို တည်ဆောက်ပေးမှာ ဖြစ်ပါတယ်။ ဒီ Bundle ထဲမှာ Marketing/Conversion အတွက် Convert Pro ၊ SEO အတွက် Schema Pro နှင့် ပိုကောင်းတဲ့ ဒီဇိုင်းတွေအတွက် Ultimate Addons for Elementor စတဲ့ ဈေးကြီးပြီး အသုံးဝင်လှတဲ့ Premium Plugin သုံးခု အခမဲ့ ပါဝင်ပြီးသား ဖြစ်ပါတယ်။

Elementor Pro
Elementor Pro
Elementor Page Builder ကို အသုံးပြုပြီး ဒီဇိုင်း ဖန်တီး တည်ဆောက် ပေးမှာ ဖြစ်ပါတယ်။

Free Premium Plugins
Free Premium Plugins
သင့်လိုအပ်ချက် အပေါ်မူတည်၍ လိုင်စင်အစစ်ကို ငွေကြေး အမြောက်အများ အကုန်အကျခံ ဝယ်စရာမလိုပဲ Pro/Premium Plugin များစွာကို GPL လိုင်စင်နဲ့ အခမဲ့ ထည့်သွင်း ပေးနိုင်ပါတယ်။ သင့်အနေနဲ့ ထည့်သွင်းခြင်း (Integration) ဝန်ဆောင်ခကိုသာ ပေးရမှာ ဖြစ်ပါတယ်။ သတ်မှတ်ကာလ အတွင်း Update တက်လာတဲ့ အခါတိုင်း အခမဲ့ Update များကို ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။
အခမဲ့ ရနိုင်သည့် Free နှင့် GPL လိုင်စင် Pro/Premium Plugin များ

FluentCRM
အလွယ်ကူဆုံး၊ ဈေးအသက်သာဆုံးနဲ့ အလျင်မြန်ဆုံး Email Marketing Automation, Newsletter & CRM Solution ဖြစ်ပါတယ်။

CartFlows Pro
သင့်ဝက်ဘ်ဆိုဒ်မှာ Checkout Page ၊ Sales Flow လှလှလေးတွေနဲ့ High Converting Sales Funnels တွေကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။

Rank Math SEO
ရိုးရှင်းပြီး အသုံးပြုရ လွယ်ကူတဲ့အပြင် သင့်ဝက်ဘ်ဆိုဒ်ရဲ့ SEO Traffic ကို အကောင်းဆုံး မြင့်တင်ပေးနိုင်တဲ့ SEO Plugin ဖြစ်ပါတယ်။

WP Rocket
Loading time ကို အကောင်းဆုံး တိုးတက်အောင် လုပ်ပေးနိုင်တဲ့ web performance accelerating plugin တွေတဲက အကောင်းဆုံးတခု ဖြစ်ပါတယ်။

Fluent Forms Free/Pro
လွယ်ကူလျင်မြန်စွာနဲ့ Feature အစုံအလင်ပါတဲ့ အကောင်းဆုံး Drag and drop contact form builder တခု ဖြစ်ပါတယ်။

FluentSMTP
ထိပ်တန်း SMTP နဲ့ SES Plugin ဖြစ်ပြီး SMTP, SendGrid, Mailgun, SES, Sendinblue, PepiPost, Google, Microsoft အားလုံးနဲ့ သုံးနိုင်ပါတယ်။

Schema Pro
သင့်ဝက်ဘ်ဆိုဒ်ရဲ့ SEO ကို boost လုပ်ဖို့ အလွယ်ကူဆုံး Schema Markup Implementation ပရီမီယံ Plugin ဖြစ်ပါတယ်။

Tutor LMS
အွန်လိုင်းကနေ စာသင်ကြားဖို့ ကိုင်တွယ်ရ လွယ်ကူ ရိုးရှင်းပြီး သင်ကြားရေး အတွက် လိုအပ်တဲ့ Feature စုံစုံလင်လင်နဲ့ ခေတ်မီ eLearning တခု တည်ဆောက်နိုင် ပါတယ်။
ဝက်ဘ်ဆိုဒ် တည်ဆောက်ခြင်း လုပ်ငန်း အဆင့်ဆင့်
အဆင့် (၁)
အလုပ်အပ်နှံခြင်း
ဝက်ဘ်ဆိုက်ပုံစံ၊ လိုအပ်ချက်များ၊ တည်ဆောက်ခြင်း စီမံကိန်း၊ ကျသင့်ငွေနဲ့ ငွေပေးချေခြင်း သဘောတူမှု တို့ကို Requirement Check-list ပြုလုပ် မှတ်တမ်းပြုစုပါမယ်။
အဆင့် (၂)
စတင်တည်ဆောက်ခြင်း
နမူနာ ပုံစံကြမ်း အတည်ပြုခြင်း၊ လိုအပ်တဲ့ ဓါတ်ပုံ၊ ဗီဒီယို၊ အမှတ်တံဆိပ်များနှင့် စာသားများကို စုဆောင်းခြင်း၊ ထည့်သွင်းတည်ဆောက်ခြင်း တို့ကို အဆင့်ဆင့် ပြုလုပ်ပါမယ်။
အဆင့် (၃)
ပြင်ဆင် ဖြည့်စွက် အချောသတ်ခြင်း
Requirement Check-list အတိုင်း တည်ဆောက်ပြီးစီးမှုကို နောက်ဆုံးအကြိမ် စီစစ်ပြီး လိုအပ်ပါက အသေးစား ပြုပြင်မှုများ ပြုလုပ်ကာ တည်ဆောက်မှုကို အဆုံးသတ်ပါမယ်။
အဆင့် (၄)
လုပ်ငန်း အပြီးသတ်လွဲပြောင်းခြင်း
လိုအပ်သော ဝန်ဆောင်မှုဆိုင်ရာ ငွေကြေးများ အပြီးသတ် စာရင်းရှင်းခြင်း ပြုလုပ်ပြီးပါက ဝက်ဘ်ဆိုဒ်နှင့် ပါတ်သက်တဲ့ Credentials များကို လွဲပြောင်းအပ်နှံ ပါမယ်။