• About
  • Get Jnews
  • Contcat Us
Sunday, August 2, 2026
ဆရာမောင်ခိုင်
No Result
View All Result
  • Login
  • News
    • All
    • Global Church
    • ZBA News

    BREAKING: 189 people on downed Lion Air flight, ministry says

    Indonesian Government Targets 16.6% Tax Revenue Growth In 2019

    Crashed Lion Air Jet Had Faulty Speed Readings on Last 4 Flights

    Police Officers From The K9 Unit During A Operation To Find Victims

    Celebrate Nyepi In True Bali Spirit With A Luxurious Day Of Silence

    West Java to review Meykardah project amid alleged bribery case

    Trending Tags

    • Commentary
    • Featured
    • Event
    • Editorial
  • Christian Faith
  • Lifestyle
  • English
  • ZKL
  • News
    • All
    • Global Church
    • ZBA News

    BREAKING: 189 people on downed Lion Air flight, ministry says

    Indonesian Government Targets 16.6% Tax Revenue Growth In 2019

    Crashed Lion Air Jet Had Faulty Speed Readings on Last 4 Flights

    Police Officers From The K9 Unit During A Operation To Find Victims

    Celebrate Nyepi In True Bali Spirit With A Luxurious Day Of Silence

    West Java to review Meykardah project amid alleged bribery case

    Trending Tags

    • Commentary
    • Featured
    • Event
    • Editorial
  • Christian Faith
  • Lifestyle
  • English
  • ZKL
No Result
View All Result
Morning News
No Result
View All Result
Home Lifestyle

ငါမသိတာ အများကြီးပါလား

နှစ်နှစ်တာ ကြိုးစားအားထုတ်ခဲ့သမျှ၊ မဟာဘွဲ့တခုကိုတော့ အရယူနိုင်ခဲ့ပြီ ဘွဲ့လက်မှတ်ကိုကိုင်ပြီး စိတ်ထဲ ငါရေရွက်နေမိတာက၊ "ငါမသိတာ အများကြီးပါလား"။ မေးခွန်းရှိသမျှကို ဖြေနိုင်ချင်ခဲ့တဲ့ မောင်ဖြီးဖြန်းကျွန်တော် အခုတော့.. မသိတာကို မသိဘူးလို့ ပြောရဲပါပြီ။

ဆရာမောင်ခိုင် by ဆရာမောင်ခိုင်
July 16, 2026
in Lifestyle, Thoughts
ငါမသိတာ အများကြီးပါလား

ရေဆန်လမ်းက ခပ်ကြမ်းကြမ်း၊
အဝတ်တထည် ကိုယ်တခုနဲ့ ပညာတော်သင်ခရီး
လေယာဉ်ပျံကြီး ပျံတက်သွားပြီးသည့်တိုင်၊
ယုံတဝက်မယုံတဝက် ကိုယ့်အသားကိုယ် ပြန်ဆိတ်ကြည့်တော့မလို့။

ရေ၊ မီး၊ နေစရာနဲ့ စားစရာ၊
ပြည့်စုံနေတဲ့ ဒီကျောင်းတော်အသစ်ကြီးမှာ
ညဘက်မီးပိတ်(ပြတ်)မယ့် အချိန်ကိုစောင့်ရင်း၊
အိပ်ယာဝင် နောက်ကျခဲ့ရ (မီးကမပြတ်ခဲ့ပါ)။

READ ALSO

ဆယ်လက်မ တစ်ပေ

ဘုရား ညောင်ကြောင့် ပျက်တတ်သည်

အသား၊ ငါး၊ အသီးအရွက် စုံလင်စွာ စားရတော့၊
ချင်းပဲပြုတ်ဆီသပ်၊ ချဉ်ပေါင်ရွက်ကြမ်းအရေသောက်
ငရုတ်သီးစိမ်းကိုက်စား၊ ဆောင်းမုန့်ညင်း၊ ကြက်သွန်မိတ်နဲ့
လေးနှစ်တာ အရင်ကျောင်းတော်ကြီးက အချိန်တွေအတွက် ဂုဏ်ယူမိတယ်။

နေ့ဘက်မှာ စာသင်ခန်းနဲ့ စာကြည့်တိုက်ထဲ အလုပ်ရှုပ်၊
ညဘက်မှာ အလွမ်းခန်းငယ်ထဲ မျက်ရည်ကျလိုက် ပြုံးလိုက်
အရင်က ဒိုင်ယာရီကို စာမျက်နှာပြည့် ရေးတတ်တဲ့ ကျွန်တော်၊
အခုတော့.. အလွမ်းစာဖွဲ့နွဲ့မရေးဖြစ်တော့ပါ (ဘာ့ကြောင့်မှန်း ကိုယ့်ကိုကိုယ်တောင်မသိ)။

မျက်နှာနဲ့စာအုပ်ကပ်ထား၊
ရှေ့ဆောင်အဘိဓါန်အထူကြီးကို သွားလေရာဆောင်သွား
လယ်ထွန်ခဲ့တဲ့ လက်ချောင်းခပ်ကြမ်းကြမ်းတွေနဲ့၊
ကွန်ပျူတာလက်ကွက်ကို ဟိုနှိပ်ဒီနှိပ်။

နက်ခ်သိုင်ကြီးတကားကား ကွင်းထိုးဖိနပ်နဲ့၊
အားလုံးအလယ်မှာ ကိုယ်သာဟာသ
အဆင်ပြေသလို ဆင်ရတာမို့၊
မရှိတာကို အတယ်လို့ အနက်ဖွင့်ခံခဲ့ရတဲ့ ငါ့ဘဝ။

ဆယ့်ငါးမိနစ် အားရပါးရ အင်္ဂလိပ်လို ပရီစင်ထေးရှင်းလုပ်၊
ပြီးတော့မှ ဆရာက သူ့ဘေးကလူကို “သူဘာပြောသွားတာလဲ” လို့မေးယူရတဲ့အဖြစ် (သူဘာမှ နားမလည်လိုက်လို့)
ဒေါသထွက်လွန်းလို့ ကိုယ့်စိတ်ထဲမှာ တောက်အကျယ်ကြီးခေါက်၊
ဒေါသကို ဝရိယအဖြစ်ပြောင်း အားငယ်လက်မိုင်ချစရာ အကြောင်းမရှိ။

သူများ ခရက်ဒစ်နာရီ သုံးဆယ်နဲ့လုပ်တာကို ကိုယ်က ခြောင်ဆယ်နဲ့လုပ်ရမယ်ဆိုလာတော့၊
ပိုသင်ရတော့ ပိုတတ်တာပေါ့လို့ ဖြေတွေး
အလျင်လိုရင် လမ်းကသွား၊
ဖြတ်လမ်းဆိုတာ အမြဲတမ်းကောင်းတာ မဟုတ်။

အားလုံးတတ်စရာမလို၊ အားလုံးရှိစရာမလို၊
ဖြစ်လည်းမဖြစ်နိုင်
တတ်သလောက်ကို ကောင်းကောင်းတတ်ဖို့က အဓိက၊
ရှိသလောက်ကို တန်ဖိုးထားတတ်ဖို့က အဓိက။

ကိုယ်ပိုင်ကားစီးပြီး ကျောင်းလာတက်သူနဲ့၊
ဘေးချင်းယှဉ်ထိုင်စာသင်
ပညာဟာ အားလုံးအတွက် ဆိုတဲ့အတွေးလေးနဲ့၊
အာရုံကိုစူးစိုက် စိတ်ကိုနှစ်။

နှစ်နှစ်တာ ကြိုးစားအားထုတ်ခဲ့သမျှ၊
မဟာဘွဲ့တခုကိုတော့ အရယူနိုင်ခဲ့ပြီ
ဘွဲ့လက်မှတ်ကိုကိုင်ပြီး စိတ်ထဲ ငါရေရွက်နေမိတာက၊
“ငါမသိတာ အများကြီးပါလား”။

မေးခွန်းရှိသမျှကို ဖြေနိုင်ချင်ခဲ့တဲ့
မောင်ဖြီးဖြန်းကျွန်တော်
အခုတော့..
မသိတာကို မသိဘူးလို့ ပြောရဲပါပြီ။

Related Posts

ဘုရား ညောင်ကြောင့် ပျက်တတ်သည်
Lifestyle

ဆယ်လက်မ တစ်ပေ

May 4, 2026
ဘုရား ညောင်ကြောင့် ပျက်တတ်သည်
Lifestyle

ဘုရား ညောင်ကြောင့် ပျက်တတ်သည်

May 4, 2026
မီးပွိုင့်မှာ ထင်ဟပ်တဲ့ လူမှုပုံရိပ်
Lifestyle

မီးပွိုင့်မှာ ထင်ဟပ်တဲ့ လူမှုပုံရိပ်

May 4, 2026
အစပြုရန်မခက်ပါ၊ ရှေ့ဆက်ဖို့ရန်သာ ခက်ပါသည်
News

အစပြုရန်မခက်ပါ၊ ရှေ့ဆက်ဖို့ရန်သာ ခက်ပါသည်

May 4, 2026
Definition

BREAKING: 189 people on downed Lion Air flight, ministry says

May 4, 2026
Global Church

Crashed Lion Air Jet Had Faulty Speed Readings on Last 4 Flights

May 4, 2026
Next Post
မီးပွိုင့်မှာ ထင်ဟပ်တဲ့ လူမှုပုံရိပ်

မီးပွိုင့်မှာ ထင်ဟပ်တဲ့ လူမှုပုံရိပ်

Smelter-grade alumina production reaches 2 million tons: Local firm

POPULAR NEWS

ဘုရား ညောင်ကြောင့် ပျက်တတ်သည်

ဆယ်လက်မ တစ်ပေ

May 4, 2026
ငါမသိတာ အများကြီးပါလား

ငါမသိတာ အများကြီးပါလား

July 16, 2026
ဘုရား ညောင်ကြောင့် ပျက်တတ်သည်

ဘုရား ညောင်ကြောင့် ပျက်တတ်သည်

May 4, 2026
Zo Patong Late’ Nualam Thu

Zo Patong Late’ Nualam Thu

May 21, 2026

NANG KANG BEEL HI

May 4, 2026

EDITOR'S PICK

ANG PEI AW THUPHA NAMCIN NAAH

May 4, 2026

BREAKING: 189 people on downed Lion Air flight, ministry says

May 4, 2026

Japan probe finds more universities discriminated against women

May 4, 2026

Celebrate Nyepi In True Bali Spirit With A Luxurious Day Of Silence

May 4, 2026

About

We bring you the best Premium WordPress Themes that perfect for news, magazine, personal blog, etc. Check our landing page for details.

Follow us

Categories

  • Christian Faith
  • Definition
  • English
  • Global Church
  • Lifestyle
  • News
  • Noun
  • Parts of Speech
  • Sentence
  • Thoughts
  • Translations
  • Verb
  • ZBA News
  • ZKL

Recent Posts

  • ဆယ်လက်မ တစ်ပေ
  • ZO ASSOCIATION MIN
  • KITEENNA
  • HEPINA TAWH NOTE ANG KIHONDAM ZO

Newsletter

  • Buy JNews
  • Landing Page
  • Documentation
  • Support Forum

© 2026 JNews - Premium WordPress news & magazine theme by Jegtheme.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
No Result
View All Result
  • Homepages
    • Home Page 1
    • Home Page 2
  • News
  • ZKL
  • Translations
  • Definition
  • Sentence
  • English
  • Parts of Speech
  • Noun
  • Verb
  • Lifestyle
  • Global Church
  • Christian Faith
  • Thoughts
  • ZBA News

© 2026 JNews - Premium WordPress news & magazine theme by Jegtheme.