• About
  • Get Jnews
  • Contcat Us
Monday, May 4, 2026
ဆရာမောင်ခိုင်
No Result
View All Result
  • Login
  • News
    • All
    • Global Church
    • ZBA News

    BREAKING: 189 people on downed Lion Air flight, ministry says

    Indonesian Government Targets 16.6% Tax Revenue Growth In 2019

    Crashed Lion Air Jet Had Faulty Speed Readings on Last 4 Flights

    Police Officers From The K9 Unit During A Operation To Find Victims

    Celebrate Nyepi In True Bali Spirit With A Luxurious Day Of Silence

    West Java to review Meykardah project amid alleged bribery case

    Trending Tags

    • Commentary
    • Featured
    • Event
    • Editorial
  • Christian Faith
  • Lifestyle
  • English
  • ZKL
  • News
    • All
    • Global Church
    • ZBA News

    BREAKING: 189 people on downed Lion Air flight, ministry says

    Indonesian Government Targets 16.6% Tax Revenue Growth In 2019

    Crashed Lion Air Jet Had Faulty Speed Readings on Last 4 Flights

    Police Officers From The K9 Unit During A Operation To Find Victims

    Celebrate Nyepi In True Bali Spirit With A Luxurious Day Of Silence

    West Java to review Meykardah project amid alleged bribery case

    Trending Tags

    • Commentary
    • Featured
    • Event
    • Editorial
  • Christian Faith
  • Lifestyle
  • English
  • ZKL
No Result
View All Result
Morning News
No Result
View All Result
Home Lifestyle

ဘုရား ညောင်ကြောင့် ပျက်တတ်သည်

ညောင်ပင်ကြီးက သူ့ဖာသာသူ နေနေရင်တော့ အရိပ်အာဝါသလည်းရ၊ ဘုရားကျောင်းကန် နဲ့လည်း ပနံသင့်ပေမယ့် ဘုရားဆင်းတု၊ စေတီပုထိုးတွေကို ရစ်တွယ်မိပြီ ဆိုရင်တော့ ဒုက္ခ ပေးနိုင်ပါတယ်။

ဆရာမောင်ခိုင် by ဆရာမောင်ခိုင်
May 4, 2026
in Lifestyle, Thoughts
ဘုရား ညောင်ကြောင့် ပျက်တတ်သည်
7
VIEWS
Share on FacebookShare on Twitter

ဘုရား ညောင်ကြောင့် ပျက်တတ်သည်

ညောင် နှင့် ဘုရား တွေ့ကြုံငြားက
ဘုရား ညောင်ကြောင့် ပျက်တတ်သည်တဲ့။

READ ALSO

ဆယ်လက်မ တစ်ပေ

မီးပွိုင့်မှာ ထင်ဟပ်တဲ့ လူမှုပုံရိပ်

ငွေ နှင့် ဘုန်းကြီး အတူနီးက
ဘုန်းကြီး ငွေကြောင့် ပျက်တတ်သည်တဲ့။

မတ် နှင့် မရီး အတူနီးက
မရီး မတ်ကြောင့် ပျက်တတ်သည်တဲ့။

မယားရှိလင် အကျွမ်း၀င်က
အခြေနေအချိန်ခါ အခွင့်သာက အပျိုဘ၀ပျက်တတ်သည်တဲ့။

ဆား နှင့် ချဉ်သီး အတူနီးက
ချဉ်သီး ဆားကြောင့် ပျက်တတ်သည်တဲ့။

ငယ်ရွယ်သမီး ကျွန် နှင့်နီးက
သမီး ကျွန်ကြောင့် ပျက်တတ်သည်တဲ့။

မ နှင့် ဘုန်းကြီး အတူနီးက
ဘုန်းကြီး မ ကြောင့် ပျက်တတ်သည်တဲ့။

မိန်းမ ဘိက္ခူ တွေ့ပြန်မူလည်း
ဘိက္ခူ မ ကြောင့် ပျက်တတ်သည်တဲ့။

ခယ်မ ခဲအို အတွေ့ပိုလည်း
ခယ်မ ခဲအိုကြောင့် ပျက်တတ်သည်တဲ့။

(မင်းကွန်းဆရာတော်ဘုရားကြီး)

မှန်လိုက်တဲ့ အဆိုအမိန့်။ ဒီကဗျာ (အဆိုအမိန့်) ကို စမြင်တဲ့ အချိန်မှာကိုပဲ အတော်ကို သဘောကျ မိပါတယ်။ လောကမှာ မတော်မသင့် ဖြစ်နေကြလို့၊ ရှိနေကြလို့ မဖြစ်သင့်တာတွေဖြစ်၊ မပျက်သင့်တာတွေပျက် – အဖြစ်အပျက်တွေက ဒုနဲ့ဒေး။

ညောင်ပင်ကြီးက သူ့ဖာသာသူ နေနေရင်တော့ အရိပ်အာဝါသလည်းရ၊ ဘုရားကျောင်းကန် နဲ့လည်း ပနံသင့်ပေမယ့် ဘုရားဆင်းတု၊ စေတီပုထိုးတွေကို ရစ်တွယ်မိပြီ ဆိုရင်တော့ ဒုက္ခ ပေးနိုင်ပါတယ်။

ဓမ္မဝိနယ ဆရာတော်က “ဘုန်းကြီးက ငွေ (cash) မကိုင်ကောင်းဘူး” လို့မိန့်ကြားတာ မှတ်သားဖူးပါတယ်။ အခုခေတ်မှာတော့ ဝတ္ထုငွေကပ်တာ၊ လှူဒါန်းမှုကို လက်ခံတာမျိုးက တီဗီဖန်သားပြင်တွေ ကနေတောင် တွေ့နေရ မြင်နေရ ပါတယ်။ ခရစ်ယာန် သာသနာမှာလည်း ဘုရားသာသနာအတွက် အသက်တာကို ဆက်ကပ် အမှုတော်ဆောင်နေတဲ့ သူတွေ နောက်ပိုင်းမှာ ငွေကြေးကြောင့် သီလပျက်ပြီး သာသနာနဲ့ ရာသက်ပန် ဝေးသွားရတဲ့ အထိကို ကျရှုံးသွားတာမျိုး ရှိပါတယ်။

မတ်နဲ့မရီး၊ ခယ်မနဲ့ခဲအို၊ ဦးလေးနဲ့တူမ၊ အဒေါ်နဲ့တူ၊ မယားရှိလင်နဲ့ ငြိတဲ့အပျို၊ လင်ရှိမယားကို ကြာခိုတဲ့ လူပျို၊ သူ‌ဌေးသမီးနဲ့ အလုပ်သမား၊ ဘုန်းကြီးရဟန်းနဲ့ ဒကာမ၊ ဆရာနဲ့တပည့်ကျောင်းသူ၊ ဆရာမနဲ့ တပည့်ကျောင်းသား – အလွှာစုံမှာ ဖြစ်နေ၊ ငြိနေ ကြတာ ကြားကြ သိကြရ ပါတယ်။ ဘာလို့ ဒီလို ဖြစ်တာလဲ ဆိုရင်တော့ မနီးသင့်ပဲ နီးလို့၊ မပတ်သက်သင့်ပဲ အကြောင်းစပ်ဟပ် ပတ်သက်ခဲ့ကြလို့ပဲ ဖြစ်ပါတယ်။

မင်းကွန်းဆရာတော်ကြီးရဲ့ အဆိုအမိန့်မှာ ပတ်သက် ဖြစ်ပျက်တတ်ကြတဲ့ လူတွေအကြောင်းသာ မဟုတ်ပဲ ဖြစ်ပျက်ရတဲ့ အကြောင်းရင်းကိုပါ ပေါ်လွင်စေတယ်လို့ ယူဆမိပါတယ်။ အဲဒါကတော့ နီးစပ်မှုပဲ ဖြစ်ပါတယ်။ လင်နဲ့မယား နီးစပ်တာ ပြသနာ မရှိပါဘူး။ မိဘ ဆွေမျိုးသားချင်းနဲ့ အထက်က လူတန်းစား အလွှာအားလုံးလည်း အနေမှန်ရင် ဘာပြသနာမှ မရှိပါဘူး။ မသင့်တော်တဲ့ နေရာမှာ၊ မသင့်တော်တဲ့ အချိန်မှာ အတူရှိနေ နီးစပ်နေရင်တော့ ပတ်သက်မိကြ၊ ဖြစ်ပျက်မိကြဖို့ အကြောင်းများမှာ ဖြစ်ပါတယ်။ သင်ခန်းစာ ယူနိုင်ကြပါစေ။

Related Posts

ဘုရား ညောင်ကြောင့် ပျက်တတ်သည်
Lifestyle

ဆယ်လက်မ တစ်ပေ

May 4, 2026
မီးပွိုင့်မှာ ထင်ဟပ်တဲ့ လူမှုပုံရိပ်
Lifestyle

မီးပွိုင့်မှာ ထင်ဟပ်တဲ့ လူမှုပုံရိပ်

May 4, 2026
ငါမသိတာ အများကြီးပါလား
Lifestyle

ငါမသိတာ အများကြီးပါလား

May 4, 2026
အစပြုရန်မခက်ပါ၊ ရှေ့ဆက်ဖို့ရန်သာ ခက်ပါသည်
News

အစပြုရန်မခက်ပါ၊ ရှေ့ဆက်ဖို့ရန်သာ ခက်ပါသည်

May 4, 2026
Definition

BREAKING: 189 people on downed Lion Air flight, ministry says

May 4, 2026
Global Church

Crashed Lion Air Jet Had Faulty Speed Readings on Last 4 Flights

May 4, 2026
Next Post

PASIEN MIN THANG TA HEH

ANG PEI AW THUPHA NAMCIN NAAH

POPULAR NEWS

ဘုရား ညောင်ကြောင့် ပျက်တတ်သည်

ဘုရား ညောင်ကြောင့် ပျက်တတ်သည်

May 4, 2026
ဘုရား ညောင်ကြောင့် ပျက်တတ်သည်

ဆယ်လက်မ တစ်ပေ

May 4, 2026

Your Favorite Home Cook Needs One of These Fun Gifts

May 4, 2026
အစပြုရန်မခက်ပါ၊ ရှေ့ဆက်ဖို့ရန်သာ ခက်ပါသည်

အစပြုရန်မခက်ပါ၊ ရှေ့ဆက်ဖို့ရန်သာ ခက်ပါသည်

May 4, 2026

PASIEN MIN THANG TA HEH

May 4, 2026

EDITOR'S PICK

EI HEPINA LAMDANG

May 4, 2026

LAM TUNGTAWN TOPA’N EI ZAWPI

May 4, 2026

HUNDAMPA KUNG PEI IN

May 4, 2026

LAMDANG KA TOPA

May 4, 2026

About

We bring you the best Premium WordPress Themes that perfect for news, magazine, personal blog, etc. Check our landing page for details.

Follow us

Categories

  • Christian Faith
  • Definition
  • English
  • Global Church
  • Lifestyle
  • News
  • Noun
  • Parts of Speech
  • Sentence
  • Thoughts
  • Translations
  • Verb
  • ZBA News
  • ZKL

Recent Posts

  • ဆယ်လက်မ တစ်ပေ
  • ZO ASSOCIATION MIN
  • KITEENNA
  • HEPINA TAWH NOTE ANG KIHONDAM ZO

Newsletter

  • Buy JNews
  • Landing Page
  • Documentation
  • Support Forum

© 2026 JNews - Premium WordPress news & magazine theme by Jegtheme.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
No Result
View All Result
  • Homepages
    • Home Page 1
    • Home Page 2
  • News
  • ZKL
  • Translations
  • Definition
  • Sentence
  • English
  • Parts of Speech
  • Noun
  • Verb
  • Lifestyle
  • Global Church
  • Christian Faith
  • Thoughts
  • ZBA News

© 2026 JNews - Premium WordPress news & magazine theme by Jegtheme.