• About
  • Get Jnews
  • Contcat Us
Saturday, August 1, 2026
ဆရာမောင်ခိုင်
No Result
View All Result
  • Login
  • News
    • All
    • Global Church
    • ZBA News

    BREAKING: 189 people on downed Lion Air flight, ministry says

    Indonesian Government Targets 16.6% Tax Revenue Growth In 2019

    Crashed Lion Air Jet Had Faulty Speed Readings on Last 4 Flights

    Police Officers From The K9 Unit During A Operation To Find Victims

    Celebrate Nyepi In True Bali Spirit With A Luxurious Day Of Silence

    West Java to review Meykardah project amid alleged bribery case

    Trending Tags

    • Commentary
    • Featured
    • Event
    • Editorial
  • Christian Faith
  • Lifestyle
  • English
  • ZKL
  • News
    • All
    • Global Church
    • ZBA News

    BREAKING: 189 people on downed Lion Air flight, ministry says

    Indonesian Government Targets 16.6% Tax Revenue Growth In 2019

    Crashed Lion Air Jet Had Faulty Speed Readings on Last 4 Flights

    Police Officers From The K9 Unit During A Operation To Find Victims

    Celebrate Nyepi In True Bali Spirit With A Luxurious Day Of Silence

    West Java to review Meykardah project amid alleged bribery case

    Trending Tags

    • Commentary
    • Featured
    • Event
    • Editorial
  • Christian Faith
  • Lifestyle
  • English
  • ZKL
No Result
View All Result
Morning News
No Result
View All Result
Home Lifestyle

မီးပွိုင့်မှာ ထင်ဟပ်တဲ့ လူမှုပုံရိပ်

လူတဦး တယောက်ချင်းစီ ကြိုးစားရင် ကြိုးစားသလောက် အောင်မြင်နိုင်တာက ဘယ်သူမှ အငြင်းပွားဖွယ်ရာ မရှိသော်လည်း လူမျိုးတမျိုး၊ လူအုပ်စုတခုမှာ ယေဘုယျ တူညီချက်တွေ ရှိနေတတ်တာကလည်း ငြင်းဆန်လို့ မရတဲ့ အရှိတရား၊ အမှန်တရား တခု ဖြစ်နေပြန်ပါတယ်။

ဆရာမောင်ခိုင် by ဆရာမောင်ခိုင်
May 4, 2026
in Lifestyle, Thoughts
မီးပွိုင့်မှာ ထင်ဟပ်တဲ့ လူမှုပုံရိပ်

လူတဦး တယောက်ချင်းစီ ကြိုးစားရင် ကြိုးစားသလောက် အောင်မြင်နိုင်တာက ဘယ်သူမှ အငြင်းပွားဖွယ်ရာ မရှိသော်လည်း လူမျိုးတမျိုး၊ လူအုပ်စုတခုမှာ ယေဘုယျ တူညီချက်တွေ ရှိနေတတ်တာကလည်း ငြင်းဆန်လို့ မရတဲ့ အရှိတရား၊ အမှန်တရား တခု ဖြစ်နေပြန်ပါတယ်။

ကျွန်တော် မလေးရှားနိုင်ငံ Selangor ပြည်နယ်၊ ဆူဘန်းမြို့နယ် USJ 9 မှာရှိတဲ့ ကုမ္ပဏီ တခုမှာ အချိန်ပိုင်း အလုပ်လုပ်ပါတယ်။ အချိန်ပိုင်း ဆိုပေမယ့် ပုံမှန် အလုပ်အချိန်ပြည့် နီးပါ အလုပ်ဆင်းခွင့် ရတာက ပိုများပါတယ်။ တနင်္လာကနေ သောကြာအထိ၊ မနက် ၉နာရီမှ ညနေ ၆နာရီ အထိ ပုံမှန်အလုပ်ချိန် အတိုင်း အလုပ်လုပ်ပါတယ်။ လုပ်ရတဲ့ အလုပ်က ebay နဲ့ amazon မှာ ပစ္စည်းရောင်းတာကို ကိုင်တွယ်ရ ပါတယ်။ newpages လို့ခေါ်တဲ့ local site တခုမှာလည်း product catalog တင်ပါတယ်။ တခြား လိုအပ်တဲ့ နေရာမှာ လုပ်တတ်သလောက် ကိုလည်း အကုန်လုပ်ပါတယ်။ တနည်းအားဖြင့် Data Entry အလုပ်လို့ ပြောနိုင်ပါတယ်။

READ ALSO

ဆယ်လက်မ တစ်ပေ

ဘုရား ညောင်ကြောင့် ပျက်တတ်သည်

နေတာကကျတော့ USJ 9 ရဲ့ လမ်းမ တဖက်ခြမ်း USJ 8 မှာပါ။ လမ်းမကြီး တခုပဲ ခြားပါတယ်။ ကျွန်တော် နေတဲ့ တိုက်ခန်း ကနေ အလုပ်လုပ်တဲ့ ရုံးကိုသွားတဲ့အခါ Persiaran Kewajipan လို့ခေါ်တဲ့ လမ်းမကြီးကို အမြဲတမ်း ဖြတ်ကူးရပါတယ်။ အလုပ်လုပ်တဲ့ မြန်မာ နိုင်ငံသား အတော်များများက လမ်းမကြီးကို ဖြတ်ကူးတဲ့ အခါ တချို့က အနားမှာရှိတဲ့ Taipan LRT မိုးပျံ မီးရထား ဘူတာကုန်းကျော်ကနေ ကူးကြပြီး၊ တချို့ကတော့ ဘူတာပေါ်ကို တက်ရမှာ ပျင်းလို့ ကားတွေ တဝီဝီ ပြေးနေတဲ့ highway လမ်းမကြီးကို (မလိုအပ်ပဲ) သက်စွန့်စံဖျား ရှောင်ရင်း ကွင်းရင်း ကူးကြပါတယ်။ အဲ့လို မကူးသင့်တဲ့ နေရာမှာ ကူးကြလို့ ကိုယ်ရှောင် သူမရှောင် သူရှောင် ကိုယ်မရှောင် ကားတိုက်သေတာ၊ ကျိုးပဲ့ ကွဲပြဲ ဒဏ်ရာရကြတာ ကလည်း ရှိကြပါတယ်။

ကျွန်တော်ကတော့ တမျိုးပါ။ ငယ်စဥ်ဘဝ ရွာမှာ နေတုန်းက ဦးသန်းစိန် လို့ခေါ်တဲ့ ဗမာ (ချင်းမနဲ့ အိမ်ထောင်ကျ) ဦးလေးကြီး တယောက် ပြောဖူးတဲ့ “အလျင်လို လမ်းကသွား” ဆိုတဲ့ ဆိုရိုးစကားကို ကျင့်သုံးနေသူပါ။ ဆိုလိုတာက တကယ်ပဲ မြန်မြန် ရောက်ချင်သပ ဆိုရင်၊ ရောက်ချိန်တန်လို့ မလွဲ မုချ ရောက်ချင်တယ်၊ အနှေင့်အယှက် အတားအဆီး အဖြစ်မခံနိုင်ဘူး ဆိုရင် ဖြတ်လမ်းကို မသုံးပါနဲ့၊ ပုံမှန်လမ်းကနေပဲ သွားပါ လို့ ဆိုလိုတာပါ။ ဒါကြောင့် ကျွန်တော်က မီးပွိုင့်က မျဥ်းကျားကနေပဲ လမ်းကူးပါတယ်။

ကူးတယ်ဆိုရာမှာ မနက် အလုပ်သွား တခါ၊ နေ့လည် ထမင်းစား အိမ်ပြန် တခါ၊ ထမင်းစားပြီး အလုပ်ခွင်ပြန်သွား တခါ နှင့် ညနေ အလုပ်ဆင်း တခါ၊ တရက်ကို လေးကြိမ်းတိတိ အဲ့ဒီ မီးပွိုင့်ကနေ လမ်းဖြတ်ကူးတာပါ။ တရက် ၄ ကြိမ်၊ တလ အနည်းဆုံး ၂၀ ရက် (တနင်္ဂနွေ ဘုရားကျောင်းသွားတာ ထည့်မတွက်သေးပါ) ဆိုတော့ တလကို အနည်းဆုံး အကြိမ် ၈၀ မက အဲ့ဒီမီးပွိုင့်ကို ဖြတ်ပါတယ်။ ဆိုတော့ တနှစ်ကို အကြိမ် ၉၆၀၊ အလုပ်လုပ်တာ ၅နှစ် ရှိပြီ ဖြစ်လို့ အကြိမ် ၄၈၀၀ လို့ ပြမ်းမျှ တွက်နိုင်ပါတယ်။

စာဖတ်သူ ပျင်းသွားမယ် ထင်တယ်။ လိုရင်းကို ရောက်ပါပြီ။ ဒါဟာ အချက်အလက် (data) ဖြစ်ပါတယ်။ အဲဒီ အချက်အလက် ‌ဒေတာပေါ်မှာ အခြေခံပြီး လူမှု ပတ်ဝန်းကျင် တခုကို ဝေဖန်သုံးသပ် သွားမှာဖြစ်ပါတယ်။

ဒီမီးပွိုင့်ကို ဖြတ်တဲ့ ကား၊ ဆိုင်ကယ် စတဲ့ ယာဥ်ကြီး ယာဥ်ငယ်မျိုးစုံထဲက ၁၀ ရာခိုင်နှုန်းလောက်က ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း တခုခုကို တနည်းနည်း ချိုးဖောက်ကြပါတယ်။ ဥပမာ၊ မီးနီ အတင်းလု ဖြတ်မောင်းတာ၊ အတွင်းအကျဆုံး လမ်းအူကြောင်းမှာ ရှိနေလျက်နဲ့ ကွေ့တော့မယ့် ဆဲဆဲကို မကွေ့တော့ပဲ ရုတ်တရက် အတင်း ရှေ့ဆက် မောင်းတာ၊ အပြင်ဘက်စွန်ကနေ ရုတ်တရက် အတွင်းဘက် စွတ်ဝင်ပြီး ဂငယ်ကွေ့ (U Turn) ကွေ့တာ၊ သတ်မှတ်ထားတဲ့ ရပ်စောင့်ရမယ့် မျဥ်းနေရာကို ကျော်လွန်ပြီး အတင်းရှေ့တက် ရပ်တာ၊ အချက်ပြမီး မပြတာ စတာတွေက အစ အခြား စည်းကမ်း ချိုးဖောက်မှု မျိုးစုံ ပါဝင်ပါတယ်။ ကျွန်တော့် အတွေ့အကြုံအရ အခိုင်အမာ ပြောရဲတာကတော့ လူတရာမှာ ၁၀ယောက်က အထက်ပါ စည်းကမ်းများ အပါအဝင် အခြား ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း တခုခုကို ချိုးဖောက်တယ် ဆိုတာပါပဲ။

မလေးရှာနိုင်ငံ မြို့ပြနေ လူတန်းစားတွေထဲမှာ အဓိက လူမျိုး သုံးမျိုး ရှိတယ်လို့ အလွယ် နားလည် မှတ်သားလို့ ရပါတယ်။ အဲဒါတွေကတော့ မလေးလူမျိုး၊ တရုတ်လူမျိုး၊ နှင့် ကုလားလူမျိုး ဖြစ်ပါတယ်။ (ကျန်တဲ့ နိုင်ငံစုံက အရောင်စုံ လူအမျိုးမျိုးကိုတော့ ထည့်မတွက်တော့ပါ)။

ကျွန်တော် ဖြတ်ကူးနေကျ မီးပွိုင့်မှာ ဖြတ်သန်းသွားလာ နေကြတဲ့ ယာဥ်ကြီး ယာဥ်ငယ် မောင်းသူ ၁၀၀ ထဲက ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း တခုခုကို ချိုးဖောက်တဲ့ လူ ၁၀ယောက်ထဲမှာ ခုနှစ်ယောက်က ကုလားလူမျိုး ဖြစ်ပြီး နောက်နှစ်ယောက်က မလေးလူမျိုး ဖြစ်ကာ ကျန်တစ်ယောက်က တရုတ်လူမျိုး ဖြစ်ပါတယ်။ ဒါက လူသား အတွေ့အကြုံကို အခြေခံပြီး အလွယ်ကူဆုံး၊ အရိုးရှင်းဆုံး၊ အနီးစပ်ဆုံး ယေဘုယျ တွက်ချက်မှုသာ ဖြစ်ပါတယ်။ စက်ကိရိယာ တခုခု၊ နည်းပညာ တခုခုရဲ့ အကူအညီနဲ့ အချက်အလက် ကောက်ယူ ပေါင်းစပ် တွက်ချက်မှု မရှိဘူးဆိုတာ ရိုးသားစွာ ဝန်ခံလိုပါတယ်။

ကျွန်တော်က လူမှုပတ်ဝန်းကျင် တခုကို ကိုယ်တိုင် တွေ့ကြုံတဲ့ အတွေ့အကြုံတခုကို အခြေခံပြီး မြင်တဲ့ အတိုင်း၊ တွေ့တဲ့ အတိုင်းသာ သုံးသပ်ပြတာ ဖြစ်ပါတယ်။ လူမျိုးရေး ခွဲခြားမှု လုံးဝ မပါကြောင်း အခိုင်အမာ ပြောရဲပါတယ်။

မလေးရှားမှာ နိုင်ငံခြားသာများ အဓိက အလုပ်လုပ်တဲ့ လုပ်ငန်းရှင်တွေက တရုတ်လူမျိုးတွေ ဖြစ်တယ်လို့ သာမာန်အားဖြင့် ယူဆနိုင်ပြီး အစိုးရ ဌါနဆိုင်ရာ ဝန်ထမ်း အများစုဟာ မလေးလူမျိုးများ ဖြစ်ကြတယ် လို့လည်း သုံးသပ်ယူဆ နိုင်ပါတယ်။ တဖက်မှာတော့ ကာယအားပြု လုပ်ငန်းခွင် တော်တော်များများ မှာတော့ ကုလားလူမျိုးများ ဖြစ်နေတတ်ပါတယ်။

လူတဦး တယောက်ချင်းစီ ကြိုးစားရင် ကြိုးစားသလောက် အောင်မြင်နိုင်တာက ဘယ်သူမှ အငြင်းပွားဖွယ်ရာ မရှိသော်လည်း လူမျိုးတမျိုး၊ လူအုပ်စုတခုမှာ ယေဘုယျ တူညီချက်တွေ ရှိနေတတ်တာကလည်း ငြင်းဆန်လို့ မရတဲ့ အရှိတရား၊ အမှန်တရား တခု ဖြစ်နေပြန်ပါတယ်။

မြန်မာပြည်ရဲ့ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး ပုံရိပ်များကိုလည်း သာမာန် နေ့စဥ်ဘဝ ဖြစ်ရိုးဖြစ်စဥ် အခြေအနေ တရပ်ရပ်ကို ရိုးရိုးသားသား ပုံဖော် အနက်ဖွင့် ကြည့်တတ်မယ်ဆိုရင် အလွယ်တကူ မြင်နိုင်မယ်လို့ ယူဆပါတယ်။

ရိုးသားမှ အရှိအတိုင်းကို မြင်နိုင်မယ်။ အရှိအတိုင်းကို မြင်ပြီး နိမ့်ချလျက် လက်ခံမှ ပြုပြင်နိုင်မယ်။ ပြုပြင်ပါမှ ပြောင်းလဲ တိုးတက် နိုင်မယ်လို့ ယုံကြည်ပါကြောင်း။

ဇော်ဝင်းထွဠ်ရဲ့ မဟာ သီချင်းနဲ့ ဖျော်ဖြေရင်း မဟာမျိုး မဟာနွယ်များ ပီသနိုင်ကြပါစေကြောင်း ဆန္ဒပြုလိုက်ပါတယ်။

Related Posts

ဘုရား ညောင်ကြောင့် ပျက်တတ်သည်
Lifestyle

ဆယ်လက်မ တစ်ပေ

May 4, 2026
ဘုရား ညောင်ကြောင့် ပျက်တတ်သည်
Lifestyle

ဘုရား ညောင်ကြောင့် ပျက်တတ်သည်

May 4, 2026
ငါမသိတာ အများကြီးပါလား
Lifestyle

ငါမသိတာ အများကြီးပါလား

July 16, 2026
အစပြုရန်မခက်ပါ၊ ရှေ့ဆက်ဖို့ရန်သာ ခက်ပါသည်
News

အစပြုရန်မခက်ပါ၊ ရှေ့ဆက်ဖို့ရန်သာ ခက်ပါသည်

May 4, 2026
Definition

BREAKING: 189 people on downed Lion Air flight, ministry says

May 4, 2026
Global Church

Crashed Lion Air Jet Had Faulty Speed Readings on Last 4 Flights

May 4, 2026
Next Post

Smelter-grade alumina production reaches 2 million tons: Local firm

ဘုရား ညောင်ကြောင့် ပျက်တတ်သည်

ဘုရား ညောင်ကြောင့် ပျက်တတ်သည်

POPULAR NEWS

ဘုရား ညောင်ကြောင့် ပျက်တတ်သည်

ဆယ်လက်မ တစ်ပေ

May 4, 2026
ငါမသိတာ အများကြီးပါလား

ငါမသိတာ အများကြီးပါလား

July 16, 2026
ဘုရား ညောင်ကြောင့် ပျက်တတ်သည်

ဘုရား ညောင်ကြောင့် ပျက်တတ်သည်

May 4, 2026
Zo Patong Late’ Nualam Thu

Zo Patong Late’ Nualam Thu

May 21, 2026

NANG KANG BEEL HI

May 4, 2026

EDITOR'S PICK

Recommended Evening Workouts If You’re Not A Morning Person

May 4, 2026

LUNGMUONNA THUPHA

May 4, 2026

VANTUNG IH TUN CIENG

May 4, 2026

MIKIM KUNG GEEN DING THU KHAT IH NEI HI

May 4, 2026

About

We bring you the best Premium WordPress Themes that perfect for news, magazine, personal blog, etc. Check our landing page for details.

Follow us

Categories

  • Christian Faith
  • Definition
  • English
  • Global Church
  • Lifestyle
  • News
  • Noun
  • Parts of Speech
  • Sentence
  • Thoughts
  • Translations
  • Verb
  • ZBA News
  • ZKL

Recent Posts

  • ဆယ်လက်မ တစ်ပေ
  • ZO ASSOCIATION MIN
  • KITEENNA
  • HEPINA TAWH NOTE ANG KIHONDAM ZO

Newsletter

  • Buy JNews
  • Landing Page
  • Documentation
  • Support Forum

© 2026 JNews - Premium WordPress news & magazine theme by Jegtheme.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
No Result
View All Result
  • Homepages
    • Home Page 1
    • Home Page 2
  • News
  • ZKL
  • Translations
  • Definition
  • Sentence
  • English
  • Parts of Speech
  • Noun
  • Verb
  • Lifestyle
  • Global Church
  • Christian Faith
  • Thoughts
  • ZBA News

© 2026 JNews - Premium WordPress news & magazine theme by Jegtheme.