• About
  • Get Jnews
  • Contcat Us
Monday, May 4, 2026
ဆရာမောင်ခိုင်
No Result
View All Result
  • Login
  • News
    • All
    • Global Church
    • ZBA News

    BREAKING: 189 people on downed Lion Air flight, ministry says

    Indonesian Government Targets 16.6% Tax Revenue Growth In 2019

    Crashed Lion Air Jet Had Faulty Speed Readings on Last 4 Flights

    Police Officers From The K9 Unit During A Operation To Find Victims

    Celebrate Nyepi In True Bali Spirit With A Luxurious Day Of Silence

    West Java to review Meykardah project amid alleged bribery case

    Trending Tags

    • Commentary
    • Featured
    • Event
    • Editorial
  • Christian Faith
  • Lifestyle
  • English
  • ZKL
  • News
    • All
    • Global Church
    • ZBA News

    BREAKING: 189 people on downed Lion Air flight, ministry says

    Indonesian Government Targets 16.6% Tax Revenue Growth In 2019

    Crashed Lion Air Jet Had Faulty Speed Readings on Last 4 Flights

    Police Officers From The K9 Unit During A Operation To Find Victims

    Celebrate Nyepi In True Bali Spirit With A Luxurious Day Of Silence

    West Java to review Meykardah project amid alleged bribery case

    Trending Tags

    • Commentary
    • Featured
    • Event
    • Editorial
  • Christian Faith
  • Lifestyle
  • English
  • ZKL
No Result
View All Result
Morning News
No Result
View All Result
Home Lifestyle

ဆယ်လက်မ တစ်ပေ

ပရိသတ်ကြီးတော့ သက်ရောက်မှုကလည်း ကြီးမှာလေ။ လက်သန်း ဓားရှတာ အသာနေလို့ ရပေမယ့် ခေါင်းကို ဓားမနဲ့ အခုတ်ခံရရင်တော့ ဘယ်နေသာ တော့မလဲ။ ဆေးရုံ ပြေးရတော့မှာပေါ့။

ဆရာမောင်ခိုင် by ဆရာမောင်ခိုင်
May 4, 2026
in Lifestyle, Thoughts
ဘုရား ညောင်ကြောင့် ပျက်တတ်သည်
6
VIEWS
Share on FacebookShare on Twitter

ဆယ့်နှစ်လက်မ တစ်ပေ၊
သုံးပေ တစ်ကိုက်၊
နှစ်ဆယ့်နှစ်ကိုက် တစ်သံကြိုး၊
ဆယ်သံကြိုး တစ်ဖာလုံ၊
ရှစ်ဖာလုံ တစ်မိုင်။

ငယ်စဥ်တောင်ကျေး ကလေးဘဝ၊ ရွာက အစိုးရ မူလတန်းကျောင်းမှာ ဆရာမ အလွတ်ကျက်ခိုင်းထားတဲ့ အတိုင်းအထွာ နဲ့ပတ်သက်တဲ့ စာပိုဒ်တိုတိုလေး တခုကို အခုအထိ အလွတ်ရနေတုန်းပါ။ ဟုတ်ပါတယ်။ အဲဒီ လက်မစနစ်က အခုထိ တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြဆဲပါ။ တခြား တဖက်မှာတော့ မီတာ စနစ်ကလည်း ဒီလက်မ စနစ်ကို လွမ်းမိုး ဝါးမျိုး နိုင်လောက်အောင်ကို ပိုပိုပြီး တွင်ကျယ်လို့ လာနေပါတယ်။ မြန်မာပြည်မှာကတော့ လက်မစနစ်တို့၊ တစ်ဗူး၊ တစ်ပြည် စနစ်တို့ တွင်တွင်ကျယ်ကျယ် သုံးနေဆဲပါ။ ဝါးတစ်ပြန်စာ ဆိုတာ တွေကလည်း ရှိသေးတယ်။ အချိန်တွက်ရာမှာဆို ပိုဆိုးတယ်၊ တရေးတမော ဆို ဘယ်နှစ်မိနစ်လဲ လာမမေးနဲ့။ ဘယ်ပညာရှင်မှ အတိအကျ တွက်မပြ နိုင်ဘူး။ ဒါပေမယ့် မြန်မာပြည် သားတွေ ကတော့ နားလည်တယ်။

READ ALSO

ဘုရား ညောင်ကြောင့် ပျက်တတ်သည်

မီးပွိုင့်မှာ ထင်ဟပ်တဲ့ လူမှုပုံရိပ်

ဒါနဲ့ ပြောချင်တဲ့ အကြောင်းအရာကို မဟုတ်ကဟုတ်က၊ ကလေးကလား လုပ်ကြံ ဖန်တီးထားတဲ့ တကယ်မရှိတဲ့ လူတယောက် အကြောင်းနဲ့ အစပြုချင် ပါတယ်။

တခါက မောင်ပုလို့ ခေါ်တဲ့ အရပ် ၅ပေ သာရှိတဲ့ လူတယောက် ရှိပါတယ်။ သူ့ကိုယ်သူ အရပ်ပုတယ် ဆိုတာ သိပေမယ့် သူက အရပ်ခြောက်ပေ ဖြစ်ချင်ပါတယ်။ ဒီတော့ သူဖြစ်ချင်တာ ဖြစ်ရဖို့ သူ အကြံတခု ရတယ်။ အရပ်ရှည်ဆေး စားဖို့ .. ဟင့်အင်း၊ မဟုတ်ပါဘူး။ အခုမှ ဘာဆေးကမှ မကူနိုင်တော့မှန်း သူသိနေပါတယ်။ ခွဲစိတ်ဖို့ .. ဟင့်အင်း၊ ဒါလည်း မဟုတ်ပါဘူး။ ငွေကုန်မယ်၊ ခွဲစိတ်လို့ အရပ်ရှည်သွားတယ် ဆိုတာလည်း မကြားဖူးပါဘူး။ လုံးတာကို ပြားသွားအောင် လုပ်တာလောက်ပဲ ကြားဖူးတယ်။ ငွေမကုန်၊ အသားမနာ၊ ဘယ်သူ့မှ ဒုက္ခ မပေးပဲ လွယ်လွယ်လေးနဲ့ ဖြစ်မှာပါ။ တခြား ဆန်းဆန်းပြားပြား တော့ မဟုတ်ပါဘူး။ ရယ်လည်း ရယ်ချင်စရာ မဟုတ်ကဟုတ်က အကြံပါ။ အဲဒါကတော့ ၁၂လက်မ ၁ပေ အစား ၁၀လက်မ ၁ပေ လို့ သတ်မှတ်ဖို့ပါ။ ဟုတ်တယ်လေ။ သူက ၅ပေ ဆိုတော့ ၆၀လက်မ။ ၁၀လက်မ ၁ပေ လုပ်လိုက်ရင်.. ဟင်းဟင်း.. ကွက်တိပဲ၊ သူ ၆ပေ ဖြစ်ပြီပေါ့။ ဒါပေမယ့် သူ့စိတ်ကူး တကယ် ဖြစ်မလာ ခဲ့ပါဘူး။

ဒီလုပ်ကြံ ဇာတ်လမ်းထဲက မောင်ပုကသာ အပြင်မှာ တကယ် မရှိခဲ့တာ။ သူ့လို လူတွေက တကယ့် အပြင်လောကမှာ အများကြီး ရှိနေပါတယ်။ ဘယ်မှာ ရှိလို့လဲ ဒါမျိုး၊ မေးခွန်းထုတ်မှာလား။ တကယ် ရှိနေရုံတင် မကဘူး၊ ပိုပိုပြီးတောင် များများ လာနေတာ။ မယုံဘူးလား၊ သက်သေပြမယ်။ ကဲ၊ စလိုက်ကြရအောင်။

စာမေးပွဲကြီး နီးပြီ၊ စာကလည်း သိပ်မရ သေးဘူး။ လုပ်မနေနဲ့ ကိုယ့်လူ၊ ခိုးချ။ ဘာဖြစ်နေနေ အောင်ဖို့က အဓိက။ တကယ် တတ်တာ မတတ်တာတွေ ဘေးချိတ်ထားလိုက်။ ခိုးချပြီး အောင်သွားတာ၊ အတုအယောင် ဆိုတာ ကိုယ်ကသာ သိတာ။ တခြား ဘယ်သူ သိတာ လိုက်လို့။ မောင်ပုတုန်းကဆို သူ့ဖာသာသူ စိတ်ကူးနဲ့ ကျေနပ်နေတာ။ အဲ့လိုသာဆို ကောင်းမှာ ဆိုပြီး စိတ်ကူးထဲမှာ တဒင်္ဂ ဖြစ်ပေါ်လာတဲ့ စိတ်ကူး သက်သက်ပါ။ အဲ့ ၁၀လက်မ ၁ပေ ကတကယ်တော့ ဖြစ်မလာ ခဲ့ပါဘူး။ လူတွေက အသိအမှတ် မပြုဘူးလေ။ အခု စာခိုးချ လို့ အောင်တာက တကယ် တတ်တာ မတတ်တာ ကိုယ်တယောက်ထဲ သိတဲ့ကိစ္စ။ စမေးပွဲအောင် အတန်းတက်သွားတာကို တလောက လုံးက အသိအမှတ် ပြုတယ်။ ဒါ ၁၀လက်မ ၁ပေ လုပ်လိုက်တာ မဟုတ်လို့ ဘာလဲ။

ဟိုတလောက အိမ်ဆောက်ပြီး စည်ပင်မှာ အခွန်လာဆောင်သူက ဗီဒီယိုခိုးရိုက် Facebook Live တင်တာ တွေ့လိုက်သေးတယ်။ သူတကယ် သွင်းတာက (ကျွန်တော် အမှတ် မမှားဘူး ဆိုင်ရင် ခုနှစ်သိန်း လားထင်တယ်)။ သိန်းဂဏန်း သွင်းလိုက်တဲ့ အခွန်အတွက် ပြေစာဖြတ်တော့ ၄သောင်း လားပဲ ဖြတ်ပေးလိုက်တယ်။ ဟိုကောင်ကလည်း ဘယ်ရမလဲ။ ဒါမျိုးလုပ်မယ် ဆိုတာ ကြိုသိလို့ ဗီဒီယိုရိုက် လိုက်ဗ် လွင့်ထားတာ။ ပယ်ပယ်နယ်နယ် စောဒက တက်တာပေါ့။ မင်း အခွန်ဆောင်ပြီးပြီ ဆိုကိစ္စ ပြီးပြီ မဟုတ်လားတဲ့။ ငါတို့က စာရွက်စာတမ်းဖိုး တွေရော၊ ဟိုလူ ဒီလူ ပေးရတာတွေရော မို့လို့ပါတဲ့။ အင်းလေ၊ မှန်တာပေါ့။ “အခွန်ကျေ တာဝန်သိ နိုင်ငံသားဘွဲ့” အပ်နှင်းခြင်း ခံရဖို့က အဓိကလေနော်။ ကျန်တာ သိပ်မစပ်စု နဲ့လေ။ ရုံးတခု လည်ပတ်ဖို့ စရိတ်စက ကကြီးတာကိုး။ မြန်မာပြည်မှာ စာရွက်တွေ အရမ်းစျေးကြီးတယ် လေနော်။ ဒါလည်း ၁၀လက်မ ၁ပေ လုပ်လိုက်တာပဲ မဟုတ်လား။ (ဒီဟာဆို ၂လက်မ ၁ပေ လုပ်လိုက်သလားတောင် ထင်မိတယ်)။

၁၀၀ကျပ်သား ၁ပိဿာ ဆိုတာ စာထဲမှာပဲ ရှိတော့တာပါ။ ၁ပိဿာ ဆိုပြီး ဝယ်လိုက်တာ တကယ်က ၇၀ကျပ်သား သာသာပဲ ရှိတယ်။ ဒီကြားထဲ ရေထိုးကြမ်းရင် မချက်ခင် သူ့ချည်း အိုးကင်း အပူတိုက် ရေထုတ်ရတာက ရှိသေးတယ်။ ၇၀ကျပ်သား ၁ပိဿာ ဆိုပြီး သတ်မှတ်ဖို့ လွတ်တော်ကတဆင့် အဆိုတင်သွင်းရတော့ မလိုဖြစ်နေတဲ့ခေတ်။ ဒါလည်း ၁၀လက်မ ၁ပေ ပြသနာ ပဲလေ။

လူဆိုတာကလည်း မတူကြဘူးလေ။ ဘုရားမ‌သိ၊ တရားမသိ ဆိုတော့ ခက်တော့အခက်သား။ လူ့ဘဝ ရခဲလှတယ် ဆိုတာလောက်ကိုတောင် တသက်နဲ့ တကိုယ် တခါမှ မစဥ်ခြင်ဖူးတဲ့လူက ခပ်များများ။ သူ့အကျိုးငှဲ့ဖို့ နေနေသာသာ သူ့အကျိုးနဲမယ် ဆိုတာ သိသိကြီးနဲ့ပဲ ကိုယ့်ကကျိုးသာ များမယ်ဆိုရင် လုပ်လို့ရတာ အကုန်လုပ်ကြတာ။ စားသုံးသူ ဘေးဖြစ်မယ် ဆိုတာ သိလျက်ကယ်နဲ့ အဆိပ်အတောက် ဖြစ်စေမယ့် အစားအစာ တွေကို ထုတ်လုပ်ရောင်းချတာလည်း ကြားဖူးပ။ စံချိန်စံညွှန်း မမီပဲ ထုတ်လုပ်တဲ့ ဆေးဝါး ဆိုတာတွေလည်း ကြားဖူးပ။ လိုင်းပေါ်မှာ ပြထားတာက တမျိုး၊ မှာယူပြီး ရောက်လာတာက တခြား။ ဒီတော့ လိုင်းပေါ်တက် ဆိုကြ ဆဲကြ တာတွေလည်း ရှိတယ်။ အင်း.. ဒါလောက ပဲလေ။ ဘုရားတရား မရှိ၊ မသိ၊ မကြောက်မှတော့ ကိုယ်ထင်တာ အဟုတ်၊ ကိုယ်လုပ်တာသာ အမှန်။ ၁၀လက်မ ၁ပေ သော၊ ၃လက်မ ၁ပေ သော ဘေးချိတ်။ ကိုယ့်တိုင်းပြည် တခုတည်းမှ မဟုတ်တာ၊ သူများ နိုင်ငံတွေမှာလည်း ဖြစ်ကြတာပါပဲ ဆိုပြီးတော့တောင် ဆင်ခြေပေးသူက ရှိသေးတယ်။ ငါ့ရွာလာရင် ငါ့စည်းပေါ့။

အခုဆက်ပြောမှာကတော့ လောကုတ္တရာ ဘက်က ၁၀လက်မ ၁ပေ လုပ်သူတွေ အကြောင်းပါ။ ဘုရားသိ၊ တရားပြ နေတဲ့ သူတွေ ကိုယ်တိုင် အလွယ်လမ်းကို လိုက်ကြတာကတော့ တော်တော်ကို ဆိုးပါတယ်။ ကျွန်တော်ကိုယ်တိုင် ခရစ်ယာန်ဆိုတော့ မြန်မာပြည် ခရစ်ယာန် လောကထဲက ဓမ္မပညာရေး သင်ကြားမှု အကြောင်းကို ထောက်ပြရင်း မြန်မာပြည်ရဲ့ ပကတိ အခြေအနေ တခုကို ထင်ဟပ် မီးမောင်းထိုးပြ နိုင်အောင် ကြိုးစားသွားပါမယ်။

ခရစ်ယာန်ဘာသာမှာ သာသနာ့ ဝန်ထမ်းမယ့် သူတွေကို သင်ကြား မွေးထုတ်ပေးတဲ့ နေရာတွေကို ယေဘုယျ အားဖြင့် ကျမ်းစာကျောင်း (Seminary) လို့ ခေါ်လို့ ရပါတယ်။ Bible School, Bible College, Theological School, Theological College စသဖြင့်လည်း အမျိုးမျိုး ခေါ် နိုင်ပါတယ်။ တခြား သီးသန့် သင်တန်းကျောင်းမျိုးက လွဲရင်ပေါ့။ Catholic အသင်းတော် ကတော့ ရဟန်း လို့ခေါ်တဲ့ (Priest) စနစ်ဖြစ်ပါတယ်။ Google မှာ အလွယ်တကူပဲ How long does it take to be a catholic priest? ကက်သလစ် ရဟန်းတပါး ဖြစ်ဖို့ ဘယ်လောက် ကြာပါသလဲ လို့ရှာလိုက်တော့ quora.com လို့ခေါ်တဲ့ forum တခုက အဖြေတခုကို ထိပ်ဆုံး search result မှာ တွေ့ရပါတယ်။ အဖြေက The usual education required for a priest is eight years – four years of college philosophy (undergraduate – Minor Seminary) and four years of Theology (graduate – Major Seminary) လို့ တွေ့ရပါတယ်။ အဓိပ္ပါယ်ကတော့ ပုံမှန်အားဖြင့် ရှစ်နှစ် ကြာပါတယ်။ ပထမပိုင်း လေးနှစ်က philosophy (ဒဿနိက) များကို undergraduate အဆင့်နဲ့ သင်ပြီး ဒုတိယပိုင်း လေးနှစ်ကတော့ theology (ဓမ္မပညာ) ကို graduate အဆင့်နဲ့ သင်ပါတယ်တဲ့။ တော်တော်လေးကို ပြည့်စုံတဲ့ သင်ကြားမှုလို့ ဆိုရမှာပါ။ သူတို့သုံးတဲ့ graduate အဆင့် ဆိုတာက Master (မဟာတန်း) အဆင့်ပါ။ ရဟန်းတပါးကို ဖြစ်ကတတ်ဆန်း မမွေးထုတ်ပဲ တော်တော့်ကို အဆင့်အတန်းမီမီ သင်ကြားမွေးထုတ် ထားတာပါ။

ကဲအခု Protestant လို့ခေါ်တဲ့ ကျွန်တော်တို့ နှစ်ခြင်းအသင်းတော် အပါအဝင် ကက်သလစ် ပြင်ပ အသင်းတော်များ ဘက်ကို တချက် ဆက်လေ့လာရအောင်။ ၄လက်မ ၁ပေ တွေဘာတွေ လာတော့မှာနော်၊ ကြိုပြောထားတာ။

ကက်သလစ် ပြင်ပ Protestant အုပ်စုမှာ တောင်မှ Mainline နဲ့ Parachurches ဆိုပြီး အကြမ်းဖျင်း အုပ်စုနှစ်ခု ပြန်ခွဲ နိုင်ပါတယ်။ Mainline အုပ်စုမှာ Methodist, Lutheran, Presbyterian, Anglican, Baptist စတာတွေနဲ့ တချို့သော Charismatic အနည်းငယ် ပါပါတယ်။ ကျန်တာတွေကတော့ Parachurches အသင်းတော်များ (ဝါ) ဂိုဏ်းဂဏငယ်များလို့ အလွယ် မှတ်သားနိုင်ပါတယ်။

Mainline အသင်းတော် အားလုံးနီးပါမှာ ကက်သလစ် ရဟန်းတပါးလို မဖြစ်မနေ graduate အဆင့် ပြီးကိုပြီးရမယ် လို့ တထစ်ချ သတ်မှတ်ထားတာမျိုး မရှိသည့်တိုင် အနည်းဆုံး undergraduate အဆင့် (၄နှစ်သင်တန်း) မဟုတ်ရင် Pastor လို့ခေါ်တဲ့ သင်းအုပ်ဆရာ (ဝါ) ဓမ္မဆရာ အဆင့် မပေးပါဘူး။ (အခြေနေ တရပ်ရပ်ကြောင့် ချွင်းချက် အနည်းအကျဥ်းတော့ ရှိနိုင်ပါတယ်)။ သို့သော်လည်း တခု ကောင်းပြန်တာကတော့ မည်ရွေ့မည်မျှသာ သင်ယူရမည် ဆိုပြီး ကန့်သတ် ထားခြင်းမျိုး မရှိပြန်သည့် အတွက် အများသော သင်းအုပ်ဆရာများဟာ မဟာတန်း (Master)၊ ပါရဂူတန်း (Doctorate) များအထိ မိမိ ဆက်ကပ် ကြိုးစားနိုင်သလောက် လွတ်လပ်စွာ သင်ယူ ဆည်းပူးခွင့် ရှိကြပါတယ်။ Academic စံနှုန်း အဆင့်မြင့်မားတဲ့ ကျောင်းမှာ တက်ဖို့တော့ လိုတာပေါ့နော်။

ဒါပေမယ့် ဒီကနေ့ မြန်မာပြည် ခရစ်ယာန် အသိုင်းအဝိုင်းမှာ မြင်လာရတာ တွေကတော့ တဖြည်းဖြည်းနဲ့ ပိုပိုပြီး ဆိုးဝါး လာနေပါတယ်။ အထူးသဖြင့် Parachurches အသိုင်းအဝိုင်း ထဲမှာပါ။ ဘာမှ သင်ကြားမှု မရှိပါပဲ အနည်းငယ် အာဝဇမ်းရွှင် ရုံမျှနဲ့ ဆရာဘွဲ့ ခံပြီး ကမ္ဘာကြီး လုံးတာကို မသိပဲ ပြားတယ်လို့ ဖင်ပိတ်ငြင်းတဲ့ တချိန်က ခရစ်ယာန် တွေလို ဖြစ်လာကြပါတယ်။ တပည့်အဖြစ် မခံယူပဲ ဆရာနေရာ ရောက်လာကြပါတယ်။ လေးနှစ်တန်း ဘွဲ့တခုကို သုံးနှစ်မျှနဲ့ ပေးလာကြတာတွေလည်း ရှိလာပါတယ်။ အနည်းဆုံး Credit hour စုစုပေါင်း ၁၂၀ ရှိရမယ့် ဘွဲ့တခုကို ၆၀ထက်နဲတဲ့ Credit hour ရှိရုံနဲ့ ပေးသူကလည်း ပေးလာပါတယ်။ ဘာမှ မတတ်ပဲ စာသင်ခန်းထဲမှာ ငုတ်တုတ်ထိုင်နေရုံနဲ့ နှစ်စေ့တော့ ငဲ့ညာဘွဲ့၊ သနားဘွဲ့ တွေ ပေးလိုက်ကြတာတွေလည်း ရှိပါတယ်။ မဟာတန်း အတွက် စာတမ်း (Thesis) ကို သူမျာ ပိုက်ဆံပေး ရေးခိုင်းပြီး တင်တာတွေ အထိတောင် ရှိတယ်လို့ မသဲမကွဲ သဲ့သဲ့လေး ကြားဖူးတာလည်း ရှိတယ်။ ရထားတဲ့ ဘွဲ့ကတော့ Master of Divinity ၊ Master of Theology ဗျ။ စကားလုံး ၃၀၀ နဲ့ autobiography တခုကို သဒ္ဒါမှန်အောင် မရေးတတ်ဘူး။ ၁၀လက်မ ၁ပေ သမားတွေ တော်တော်ကို များလာတာ မြင်နေရ တွေ့နေရ ပါတယ်။ သာသနာတော် အတွက်တော့ ရင်လေးစရာပါ။

အဲဒါမျိုးတွေ ကြောင့်ပဲပေါ့။ ကျမ်းစာအတိုင်း လိုက်လျှောက် နေထိုင် ကျင့်ကြံရင် ကမ္ဘာ့ကပ်ရောဂါတောင် လုံးဝ မကူးစေရဘူးလို့ အာမခံ ဟောတာတွေ ရှိလာရတာ။ ဒါတွေဟာ မြင်သာတဲ့ သာဓကတွေပါပဲ။ (တကယ်ကူးတော့လည်း ဂွမ်းတော့တာပေါ့)။ ကိုရီးယားက ခရစ်ယာန် အသင်းတော် တခုကနေ ကိုဗစ် ပြန့်သွားတာ၊ အီရန်မှာ ဘာသာရေး စုဝေးမှုတွေကနေ လျင်လျင်မြန်မြန် ရောဂါ ပြန့်သွားတာ၊ ရန်ကုန် ရှစ်မိုင်က ကျမ်းစာနဲ့ အညီ နေထိုင် လိုက်လျှောက် အသက်ရှင်သည် ဆိုသော လူတစုဆီကနေ တဆင့် ရောဂါ ကူးစက်မှု ကွင်းဆက် ကျယ်ပြန့်သွားတာ တွေဟာ သင်ခန်းစာ ယူစရာတွေပါ။ တကယ်တော့ ဒါတွေက မှန်ခြင်း၊ မှားခြင်း၊ ယုံခြင်း၊ မယုံခြင်း ဆိုတာထက် မရင့်ကျက်သော သဘောမျှသာ ဖြစ်တယ်လို့ ဆိုချင်ပါတယ်။

ပိုဆိုးတာ ကတော့ သမ္မာကျမ်းစာကို ညွှန်းဆို ကိုးကားပြီး ကမ္မာကြီး ပျက်စီးမယ့် ပုံစံက နျုကလီးယားဗုံးတွေ ပေါက်ကွဲပြီး လောင်းကျွမ်းမယ် ဆိုပြီး လူတတ်ကြီးလုပ် ဟောတာမျိုးပါ။ သေချာလားလို့ပဲ မေးချင်တယ်။ ဥပမာ၊ ဒီကမ္ဘာကြီး တနေ့သောအခါမှာ ကုန်ဆုံးမယ် ဆိုတာမျိုး၊ ယေရှုခရစ်တော်သခင် ဒုတိယအကြိမ် ဒီကမ္ဘာကို ပြန်လာမယ် ဆိုတာမျိုးဟာ ကျမ်းစာက အခိုင်အမာ ဖော်ပြထားတာ ရှိတဲ့အတွက် ခရစ်ယာန် အများစု ယုံကြည်လက်ခံပါတယ်။ ဒါပေမယ့် ကြားဖူးနားဝ မှတ်သားမိသလောက် ဒီကမ္ဘာ ပေါ်မှာ နျူလက်နက်တွေ အများအပြား ရှိနေတာကို ရမ်းတမ်းကိုးကားပြီး နျူးဗုံးတွေ ပေါက်ကွဲပြီး ဒီကမ္ဘာကြီး မီးလောင် ပျက်စီးလိမ့်မယ် ဆိုပြီး အာဘောင်အာရင်း သန်သန်နဲ့ ဟောပြောတာမျိုးကတော့ တော်တော်ကို လွန်လွန်းပါတယ်။ ဘုရားသခင်က ဘာဖြစ်မယ် ဆိုတာပဲ ပြောထားတာဖြစ်ပြီး ဘယ်လိုမျိုး ဖြစ်ပျက်လာမယ်၊ ဘယ်အချိန် ဘယ်နေ့ရက်မှာ ဖြစ်မယ် ဆိုတာကို အသေးစိတ် (detail) ပြောထားတာ မရှိပါဘူး။ သင်ကြားခံယူမှု မပြည့်စုံရင် အယူမှားမယ်။ အယူမှားရင် မိစ္ဆာဒိဌိ ဖြစ်မယ်။ အမှန်ထင်လို့ ဟောလိုက်တာ တရားတော်နဲ့ လားလားမျှ မဆိုင် ဖြစ်မယ်။ သခင်ယေရှု ခရစ်တော် မိန့်မှာခဲ့သလို မျက်ကန်းက လမ်းပြတော့ လမ်းပြရော နောက်လိုက်ရော ခြောက်ထဲကျဖို့ပဲ ရှိတော့တာပေါ့။

မြန်မာပြည်မှာ ခရစ်ယာန်က အနည်းငယ်မျှသော လူတစုသာ ဖြစ်ပါတယ်။ အကယ်၍ ၈၀ ရာခိုင်နှုန်းမျှ ရှိသော ဗုဒ္ဓသာသနာတော် ထဲမှာ အယူလွဲမှားမှု၊ ဘာသာရေး ခုတုံးလုပ် အမြတ်ထုတ်မှု၊ အစွန်းရောက် ဘက်လိုက်မှုများ ရှိခဲ့သည်ရှိသော် နိုင်ငံ့ အနာဂတ် မလှနိုင်ပါဘူး။ ဘာလို့ ဆိုတော့ ပရိသတ်ကြီးတော့ သက်ရောက်မှုကလည်း ကြီးမှာလေ။ လက်သန်း ဓားရှတာ အသာနေလို့ ရပေမယ့် ခေါင်းကို ဓားမနဲ့ အခုတ်ခံရရင်တော့ ဘယ်နေသာ တော့မလဲ။ ဆေးရုံ ပြေးရတော့မှာပေါ့။ နိုင်ငံ တခု ခေတ်မီ ဖွံ့ဖြိုး တိုးတက်ဖို့ အဖက်ဖက်က ကြိုးစားကြရာမှာ ကျန်းမာရေး၊ စီးပွါးရေး၊ ပညာရေး စတဲ့ အရေးပေါင်းစုံ ဘက်စုံ ဟန်ချက်ညီအောင် ကြိုးစားနေချိန်မှာ ဘာသာရေး ဆိုတဲ့ အရေးတခုကိုလည်း မေ့လျော့ထားရန် မသင့်ပါဘူး။ ဘာသာရေးဟာ လူ့မှု အသိုင်းအဝိုင်းကို အနီးစပ်ဆုံး ပတ်သက် သြဇာ ညောင်းတာကို သတိချပ်သင့် ပါတယ်။ သာသနာတော် သန့်ရှင်းရေး ဆိုတဲ့ အသုံးအနှုံးမျိုး သိပ်မကြာ သေးခင်ကပဲ ပြောကြဆိုကြတာ ကြားလိုက်သလိုပဲ။ ဇိမ်နဲ့ နှပ်နေတဲ့သူကတော့ ဘယ်ကလာ ဖင်ရွေ့ဖို့ မပြောနဲ့၊ မျက်လုံးတောင် ဖွင့်ကြည့်ချင်မှာ မဟုတ်ဘူး။ ဘာလို့ဆိုတော့ အသားကျနေမှဟာကိုး။

အချုပ်အားဖြင့် တင်ပြ (highlight) ချင်တာကတော့ ၁၂လက်မ ၁ပေ ပဲလုပ်ကြပါ ဆိုတာပါပဲ။ ၁၀လက်မ ၁ပေ မလုပ်ကြပါနဲ့။ စျေးသည်ရော၊ အုပ်ချုပ်သူတွေရော၊ ဘာသာရေး သာသနာရေး သမားတွေရော (ခရစ်ယာန်၊ ဗုဒ္ဓဘာသာ၊ မူဆလင်၊ ဟိန္ဒူ)၊ အမျိုးသားရေး သမားတွေရော၊ ဒီမိုသမား တွေရော၊ ပရဟိတသမား မကျန်၊ သင်ကြားပေးသူရော၊ သင်ယူသူရော၊ စင်ပေါ်ကလူရော၊ စင်အောက်က လူရော၊ အားလုံးကို အလေးအနက် တိုက်တွန်း ချင်တာကတော့ ၁၂လက်မ ၁ပေပဲ လုပ်ကြပါလို့။

Related Posts

ဘုရား ညောင်ကြောင့် ပျက်တတ်သည်
Lifestyle

ဘုရား ညောင်ကြောင့် ပျက်တတ်သည်

May 4, 2026
မီးပွိုင့်မှာ ထင်ဟပ်တဲ့ လူမှုပုံရိပ်
Lifestyle

မီးပွိုင့်မှာ ထင်ဟပ်တဲ့ လူမှုပုံရိပ်

May 4, 2026
ငါမသိတာ အများကြီးပါလား
Lifestyle

ငါမသိတာ အများကြီးပါလား

May 4, 2026
အစပြုရန်မခက်ပါ၊ ရှေ့ဆက်ဖို့ရန်သာ ခက်ပါသည်
News

အစပြုရန်မခက်ပါ၊ ရှေ့ဆက်ဖို့ရန်သာ ခက်ပါသည်

May 4, 2026
Definition

BREAKING: 189 people on downed Lion Air flight, ministry says

May 4, 2026
Global Church

Crashed Lion Air Jet Had Faulty Speed Readings on Last 4 Flights

May 4, 2026

POPULAR NEWS

ဘုရား ညောင်ကြောင့် ပျက်တတ်သည်

ဘုရား ညောင်ကြောင့် ပျက်တတ်သည်

May 4, 2026
ဘုရား ညောင်ကြောင့် ပျက်တတ်သည်

ဆယ်လက်မ တစ်ပေ

May 4, 2026

Your Favorite Home Cook Needs One of These Fun Gifts

May 4, 2026
အစပြုရန်မခက်ပါ၊ ရှေ့ဆက်ဖို့ရန်သာ ခက်ပါသည်

အစပြုရန်မခက်ပါ၊ ရှေ့ဆက်ဖို့ရန်သာ ခက်ပါသည်

May 4, 2026

PASIEN MIN THANG TA HEH

May 4, 2026

EDITOR'S PICK

TOPA TUNG AH LUNGDAM VUO

May 4, 2026

Smelter-grade alumina production reaches 2 million tons: Local firm

May 4, 2026

KITEENNA

May 4, 2026

AW KAM TUL TAMPI NEI HI LENG

May 4, 2026

About

We bring you the best Premium WordPress Themes that perfect for news, magazine, personal blog, etc. Check our landing page for details.

Follow us

Categories

  • Christian Faith
  • Definition
  • English
  • Global Church
  • Lifestyle
  • News
  • Noun
  • Parts of Speech
  • Sentence
  • Thoughts
  • Translations
  • Verb
  • ZBA News
  • ZKL

Recent Posts

  • ဆယ်လက်မ တစ်ပေ
  • ZO ASSOCIATION MIN
  • KITEENNA
  • HEPINA TAWH NOTE ANG KIHONDAM ZO

Newsletter

  • Buy JNews
  • Landing Page
  • Documentation
  • Support Forum

© 2026 JNews - Premium WordPress news & magazine theme by Jegtheme.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
No Result
View All Result
  • Homepages
    • Home Page 1
    • Home Page 2
  • News
  • ZKL
  • Translations
  • Definition
  • Sentence
  • English
  • Parts of Speech
  • Noun
  • Verb
  • Lifestyle
  • Global Church
  • Christian Faith
  • Thoughts
  • ZBA News

© 2026 JNews - Premium WordPress news & magazine theme by Jegtheme.